Country : United State
Duration : 1h 59min
အညွှန်း
ဒေးဗစ်ဘက်ခမ်းဆိုတဲ့ နာမည်တစ်လုံးဟာ ဘောလုံးအားကစား
ကို ချစ်မြတ်နိုးတဲ့သူတွေရော၊ဘောလုံးအကြောင်း ဘာဆိုဘာမှ
မသိတဲ့လူတွေအတွက်ပါ လုံးဝမစိမ်းတဲ့နာမည်တစ်ခုပါ၊ လန်ဒန်
ဇာတိဖြစ်တဲ့ ဘက်ခမ်းဟာ ပရိုကစားသမားဘဝကို အင်္ဂလန်ရဲ့
အအောင်မြင်ဆုံးအသင်းဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်မှာ
အစပြုခဲ့ပြီးရီးရဲလ်မက်ဒရစ်၊အေစီမီလန်တို့လို ကမ္ဘာ့ထိပ်သီး
အသင်းတွေမှာ လည်း ကစားခဲ့ဖူးသူပါ၊ ပရီးမီးယားလိဂ်ဖလား၆လုံ၊
အက်ဖ်အေဖလား၂လုံး လာလီဂါဖလား၁လုံး၊ ချန်ပီယံလိဂ်ဖလား
၁လုံးအပြင် ဆုဖလားပေါင်းများစွာရရှိဖူးတဲ့ ဒေးဗစ်ဘက်ခမ်းရဲ့
ကစားသမားဘဝ အောင်မြင်မှုဟာ မေးခွန်းထုတ်စရာမရှိပါဘူး။
ဒါအပြင် ဗြိတိန်နာမည်ကျော် Spice Girlsအဆိုတော်အဖွဲ့ဝင်
ဗစ်တိုးရီးယားနဲ့ လက်ထပ်ပြီးနောက် ဘက်ခမ်းဟာ ဘောလုံး
သမားတစ်ယောက်ရဲ့အောင်မြင်မှုအပြင် celebrityတစ်ဦးရဲ့
အောင်မြင်မှု၊ သူ့ရဲ့ပုံရိပ်မြှင့်တင်မှုတွေပါ လုပ်လာခဲ့ပြီး ကမ္ဘာ
ပေါ်မှာ မသိသူမရှိတဲ့ Sportman, Merchandising icon
တစ်ဦးဖြစ်လာခဲ့သူပါ။
ဒီလိုအောင်မြင်မှုတွေ ရရှိလာခြင်းနဲ့အတူ သူပေးဆပ်လိုက်ရတဲ့
အရာတွေကို ဒီ documentaryထဲမှာ အတိအလင်းဖော်ပြထား
ပါတယ်၊ မန်ယူနိုက်တက်ရဲ့ သမိုင်းဝင်ဖလား၃လုံးအောင်မြင်မှု
မှာ အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်ခဲ့သလို ၂၀၀၂မှာ ကမ္ဘာ့
လုပ်ခလစာအများဆုံး ကစားသမားဖြစ်လာခဲ့တဲ့ ဘက်ခမ်းဟာ
သူ့ရဲ့imageကို ဘောလုံးကစားတာထက် ပိုအလေးပေးတာလို့
နောက်ဆက်တွဲဖြစ်လာတဲ့ ဆာအဲလက် ဖာဂူဆန်နဲ့ အကွဲအပြဲ
ဇာတ်လမ်းတွေ၊ ထိုမှတဆင့် ရီးရဲလ်အသင်းကို ထွက်သွားရပြီး
ထိပ်သီးဘောလုံးသမားဘဝမှ တဖြည်းဖြည်းမှေးမှိန်သွားပုံကို
မြင်တွေ့ရမှာပါ၊ဒါ့အပြင် အင်္ဂလန်အသင်းရဲ့ကျိန်စာလို့ဆိုရမယ့်
ကမ္ဘာ့ဖလား၄ကြိမ်အပါအဝင် နိုင်ငံတကာဖလား အောင်မြင်မှု
မရှိတဲ့ကိစ္စမှာ အသင်းခေါင်းဆောင်အနေနဲ့ အဓိကထိုးနှက်ခံရပုံ
တွေကို Docu နာမည်နဲ့အညီ ပိုအသားပေးဖော်ပြထားပါတယ်၊
ဘယ်လိုပဲဖြစ်ဖြစ် ဒေးဗစ်ဘက်ခမ်းဆိုတဲ့ နာမည်တစ်လုံးဟာ
မန်ယူနိုက်တက်နဲ့အင်္ဂလန်ပရိတ်သတ်တွေကြားမှာ ဂန္တဝင်တစ်ဦး
အဖြစ် အမြဲရှိသွားမှာဖြစ်သလို မော်ဒန်ဘောလုံးသမားတစ်ဦးရဲ့
ကစားသမားဘဝနဲ့ ကိုယ့်ရဲ့ပုံရိပ် အောင်မြင်မှုအချိုးကျအောင်
ဘယ်လိုလုပ်ပြရမလဲဆိုတာကို ရှေ့ဆောင်လမ်းပြခဲ့သူလို့ ပြော
ရင်လည်း မှားမယ်မထင်ပါဘူး။
0 comments:
Post a Comment