The Survivor (2022)


 

 

Rating : 6.8/10
Country :United State
Genre : Drama, Biography
Released Date : 2022
Duration :  2h 9min

Downdoad Link

============

Google Drive -

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

စစ်ပြန်ရဲ​ဘော်​တွေ စစ်မှုထမ်း​ဟောင်းတွေ ​နေရပ်ပြန်​ရောက်ရင်

စစ်အနိဌာရုံ​တွေ​ကို ပြန်မြင်​ယောင်ပြီး စိတ်ဒဏ်ရာ ရသွားတယ်

ဆိုတာမျိုး ကြားဖူးကြမှာ​​​​ပေါ့၊ တကယ်လို့များ ဒုတိယကမ္ဘာစစ်

နာဇီစစ်သုံ့ပုန်းစခန်းက​နေ ဂျူးလူမျိုးတစ်​ယောက် အသက်​ရှင်လျက်

လွတ်​မြောက်လာခဲ့တယ်ဆိုရင် အဲဒီဂျူးလူမျိုးရဲ့စိတ်မှာ

ဒဏ်ရာအနာတရ​တွေ အတိတ်ရဲ့အရိပ်တ​စ္ဆေ​တွေ ဘယ်​လောက်

များ​နေမယ်ထင်ပါသလဲ။

 

The Survivorဆိုတဲ့ ၂၀၂၁ထွက် ရုံတင် Biographicalရုပ်ရှင်က​တော့

အက်ရှ်ဝှစ်ဇ် သုံ့ပန်းစခန်းဆိုတဲ့ ဂျူးလူမျိုး​တို့အတွက်

ငရဲတမျှ ရက်စက် ကြမ်းကြုတ်လွန်းတဲ့ နာဇီသုံ့ပန်းစခန်းက​​နေ

လွတ်​မြောက်လာခဲ့ပြီး စစ်​ကြီးပြီးတဲ့​နောက် အ​မေရိကန်နိုင်ငံမှာ

လက်​ဝှေ့သမား ဖြစ်လာခဲ့တဲ့ ဟယ်ရီဟာ့ဖ် ​ခေါ် ဟက်ဇ်ကိုဟာ့ဖ်အ​ကြောင်း

ဖြစ်ရပ်မှန်ကို ရိုက်ကူးထားတာပါ။ IMDb မှာ 7.5

Rotten Tomatoes 75%နဲ့ Metacritic 72% အထိ ရရှိထား

တာပဲဖြစ်ပါတယ်။

 

အက်ရှ်ဝှစ်ဇ်ငရဲခန်းကြီးမှာ အသက်ရှင်သန်ဖို့ ဘယ်လိုကြိုးစားရုန်းကန်ခဲ့ရလဲ၊

ထိုစခန်းမှ ဘယ်လိုလွတ်​မြောက်လာကာ USမှာ

လက်​ဝှေ့သမားအဖြစ် ဘယ်လိုအသက်​မွေးရပ်တည်မလဲ၊

သူ့ရဲ့စိတ်ဒဏ်ရာ​တွေက အတိတ်မှာ​ရော ပစ္စုပ္ပန်မှာပါ

ဘယ်​​လောက် ဒုက္ခ​ပေးမလဲ၊ အဲဒီ​ ခြောက်လှန့်မှု​တွေကို

ဘယ်လိုရင်ဆိုင်မလဲဆိုတာကို HBO တို့ထုံးစံအတိုင်း

ဇာတ်အိမ်​ လေး​လေးပင်ပင်၊Setting​ ကောင်း​ကောင်းနဲ့

ရိုက်ကူးထားတာဖြစ်လို့ အညွှန်းကိုတောင်

အ​ထွေအထူးကွန့်​​ဖို့မလိုတဲ့ ဇာတ်ကားကြီးဖြစ်ပါတယ်၊

ကြည့်ရှုပြီးသွားချိန်မှာ​ ရသတစ်မျိုး ခံစားရစ်ခဲ့မှာ ​သေချာတဲ့

Heavy Drama movieပဲဖြစ်ပါတယ်။

0 comments:

Post a Comment