Country : United State
Duration : 44min
အညွှန်း
ဝစ်တနေ ဟူစတန် (Whitney Houston)လို့ ပြောလိုက်တာနဲ့ မသိသူမရှိလောက်အောင်
ဩဇာတိက္ကမကြီးမားလွန်းလှတဲ့ ကမ္ဘာကျော်အမျိုးသမီး အဆိုတော်ဖြစ်ပါတယ်။
အနည်းဆုံးတော့ သင်ဟာ သူ့ရဲ့ vocal အားကောင်းကောင်းနဲ့ သီဆိုထားတဲ့
I will always love you ဆိုတဲ့ သီချင်းကိုတော့ ရင်းနှီးနေမှာပဲဖြစ်ပါတယ်။
သူမကို ၁၉၆၃ ခုနှစ် ဩဂုတ်လ ၉ ရက်နေ့မှာ အမေရိကန်ပြည်ထောင်စု၊ နယူးဂျာစီပြည်နယ်၊ နူးဝါ့ခ် မြို့မှာ ဖွားမြင်ပါတယ်။
အာဖရိကန်အမေရိကန်လူမျိုး၊ အဆိုကျော်၊ ရုပ်ရှင်သရုပ်ဆောင်ဖြစ်သူ ဒီအမျိုးသမီးဟာ
၂၀၁၂ ခုနှစ် ရဲ့ဂရမ်မီမကျင်းပခင် တစ်ရက်အလိုဖြစ်တဲ့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှာ ကွယ်လွန်အနိစ္စရောက်ခဲ့ပါတယ်။
သူမဘဝဇာတ်ကြောင်းကို ရိုက်ကူးထားပြီး ၂၀၁၈ ခုနှစ်မှာထွက်ရှိခဲ့တဲ့
Whitney ဆိုတဲ့ရုပ်ရှင်ကားဟာဆိုရင် IMDb 7.3 ရရှိတဲ့အထိကို ကောင်းမွန်ခဲ့တာဖြစ်ပြီး
သူ့မဘဝအကြောင်းရိုက်ထားတဲ့ ဇာတ်ကားတွေ၊ တီဗီစီးရီးတွေများစွာထွက်ရှိခဲ့ရတဲ့အထိကို အောင်မြင်ကျော်ကြားခဲ့တဲ့ အမျိုးသမီးဖြစ်ပါတယ်။
၁၉၉၂ ခုနှစ်မှာ သူမနဲ့ မင်းသားကယ်ဗင်ကော့စနာတို့ ရိုက်ကူးထားတဲ့
The Bodyguard ဆိုတဲ့ရုပ်ရှင်ဇာတ်ကားဟာလည်း IMDb 6.3 ထိရရှိထားပြီး
ဘက်ဂျက် ၂၅ သန်းပဲသုံးခဲ့တာကို ရုံတင်ဝင်ငွေ သန်းပေါင်း ၄၁၁ သန်းပြန်လည်ရရှိတဲ့ထိကို အောင်မြင်ခဲ့တာဖြစ်ပါတယ်။
I will always love you ဆိုတဲ့သီချင်းဟာ ဒီရုပ်ရှင်ကားရဲ့ ဇာတ်ဝင်သီချင်းဖြစ်သလို
ဝစ်တနေကို ပိုပြီးအောင်မြင်ကျော်ကြားအောင် စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ သီချင်းလည်းဖြစ်ပါတယ်။
ဂရမ်မီဆု ၆ ဆုတိတိတောင်ရရှိထားတဲ့ ဒီအမျိုးသမီးအဆိုတော်ရဲ့
၂၀၂၂ ခုမှာထွက်ရှိလာတဲ့ Whitney Houston: A Look Backဆိုတဲ့ documentary လေးထဲမှာတော့
သူ့ရဲ့အရင်အင်တာဗျူးတွေ ရုပ်ရှင်ကားတွေ တီဗီဇာတ်လမ်းတွဲတွေမှာတောင် မပါဝင်ခဲ့တဲ့
အတိုအထွာ အပိုင်းအစကောင်းကောင်းလေးတွေကို စုစည်းထားပြီး
Pele ရဲ့ရုပ်ရှင်ကားကြည့်ကောင်းသလို Pele ရဲ့ documentary ကြည့်ကောင်းတဲ့အတိုင်း ကြည့်လို့ကောင်းတဲ့ documentary လေးဖြစ်ပါတယ်။
ဒါကြောင့် ဝစ်တနေထံပြန်လည်အောက်မေ့တမ်းတခြင်းဆိုတဲ့ ဒီ documentary လေးကိုလည်း
ဝစ်တနေပရိသတ်တွေ အများသူငှာတွေကြည့်ရှုရန်အလို့မှာ တင်ဆက်ပေးလိုက်ရပါတယ်။

0 comments:
Post a Comment