Ghost (1990)

 

Rating : 7.0/10
Country : United State
Genre : Drama, Fantasy, Romance
Cast : Patrick Swayze, Demi Moore, Whoopi Goldberg 
Released Date : 1990
Duration : 2h 7min

အညွှန်း
ချစ်တတ်တဲ့သူတိုင်းခံစားတတ်မှာပါ1990 ခုနှစ်က ထွက်ရှိခဲ့တဲ့ Ghost ဆိုတဲ့ဇာတ်ကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးလိုက်ပါတယ်အော်စကာ ဆုလည်း ၂ဆု ဆွတ်ခူးနိုင်ခဲ့တဲ့ဇာတ်ကားလေးပါပဲဒါရိုက်တာ Jerry Zucker က ရိုက်ကူးထားပြီး
မင်းသားကြီး Patrick Swayze နဲ့ မင်းသမီး Demi Mooreတို့တွဲဖက်ရိုက်ကူးထားတဲ့ အချစ် နဲ့ ရိုမန့်ဆန်ဆန်သရဲဇာတ်ကားတစ်ကားဖြစ်ပါတယ်…2009 ခုနှစ်မှာသေဆုံးသွားပြီဖြစ်တဲ့Patrick Swayze ရဲ့ အလွမ်းပြေကြည့်ရမယ့်ဇာတ်ကားပါဇာတ်လမ်းအကျဉ်းကတော့ …အရမ်းချစ်ကြတဲ့ ဆမ်နဲ့မော်လီ တို့
ဇနီးမောင်နှံနှစ်ယောက်မှာသူငယ်ချင်း ကားလ် ဆိုတဲ့သူတစ်ယောက်ရှိပါတယ်..နှစ်ယောက်လုံးကလည်းကားလ် အပေါ်မှာယုံကြည်ကြပါတယ်..တစ်နေ့မှာ ဆမ်က သူ့ရဲ့ စုထားတဲ့ဘဏ်ငွေစာရင်းမှာ အမေရိကန်ဒေါ်လာလေးသန်းရှိကြောင်းကို ကားလ်ကို ယုံယုံကြည်ကြည်နဲ့ပြလိုက်ပါတယ်..အဲ့နေ့ညမှာပဲ ဆမ်နဲ့မော်လီရုပ်ရှင်သွားကြည့်ရာမှ အပြန် အကြမ်းဖက်လုယက်သူတစ်ဦးနဲ့တွေ့ဆုံခဲ့ပြီး ဆမ်က ပြန်လည်ခုခံရင်းနဲ့အကြမ်းဖက်သမားရဲ့ သေနတ်ကျည်ထွက်ပြီး ဆမ် သေဆုံးခဲ့ရပါတယ်..အဲ့ဒီ့နောက်မှာတော့ဆမ် က သူ့ဇနီးမော်လီ အနားမှာနေချင်တဲ့စိတ်တွေကြောင့်ကောင်းကင်ဘုံကိုမတက်နိုင်ပဲ ရှိနေပါတယ်ဝိညာဉ်ဘဝမှာ သင်ယူစရာတွေ..တတ်မြောက်စရာတွေနဲ့အတူသူ့ဇနီးမော်လီကိုလည်းဆက်စောင့်ရှောက်နေရင်းကသူသေခဲ့ရတဲ့အကြောင်းအရင်းကိုသိရှိခဲ့တယ်.သူသေရတဲ့အကြောင်းအရင်းနောက်မှာသူ့ရဲ့အချစ်ဆုံးသူငယ်ချင်း ကားလ် ပါဝင်နေတာကိုသိရှိလိုက်ရတဲ့အချိန်မှာ ဆမ်ဘယ်လိုခံစားရမလဲသူချစ်ရတဲ့မော်လီကိုရော..ဘယ်လိုကာကွယ်မလဲဆိုတာဆက်လက်စောင့်ကြည့်ပါ….

0 comments:

Post a Comment