The Secret Garden (2020)

 

Rating : 5.4/10
Country : United State
Genre : Drama, Family, Fantasy 
Cast : Dixie Egerickx, Richard Hansell, David Verrey
Released Date : 2020
Duration : 1h 39min

အညွှန်း
တချို့ဆို ဒီဇာတ်လမ်းလေးကို ဘာသာပြန်ပြီးသားဖြစ်ဖြစ် E လိုပဲဖြစ်ဖြစ် ဖတ်ဖူးကြလောက်မှာပါ။Frances Hodgson Burnett ရဲ့ The Secret Garden (လျှို့ဝှက်ဥယျာဥ်) ဆိုတဲ့ကလေးစာပေ ဝတ္ထုကို ရုပ်ရှင်အဖြစ် ပြန်လည်ဆန်းသစ်ရိုက်ကူးထားတာ ဖြစ်ပါတယ်။Mary ဆိုတဲ့ ၁၀ နှစ်အရွယ် ကလေးမလေးက ဒီဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင် ဖြစ်တယ်။ဇာတ်လမ်းက ၁၉၄၇ အိန္ဒိယ နဲ့ ပါကစ္စတန် နယ်မြေပိုင်းခြားခါနီး ကာလမှာ ဖြစ်ပျက်ခဲ့တာကို တွေ့ရပါတယ်။
အဲ့ဒီအချိန် အိန္ဒိယမှာ တိုက်ခိုက်မှုတွေ ကူးစက်ရောဂါတွေကြောင့်မိသားစုတွေ အများအပြား အပြိုပြိုအကွဲကွဲဖြစ်ခဲ့ရတယ်။မေရီ့ မိသားစုဟာ တာဝန်အရ အိန္ဒိယမှာ အခြေချနေထိုင်နေတာဖြစ်ပါတယ်။အုံကြွမှုကပ်ဆိုးတွေရဲ့ မြေဇာပင် မိဘမဲ့ကလေးတွေအထဲမှာ Mary တစ်ယောက် အပါအဝင်ဖြစ်ခဲ့တယ်။မိဘမဲ့ Mary ကို အင်္ဂလန်မှာ နေထိုင်တဲ့ ဦးလေးဖြစ်သူ Mr. Craven က ခေါ်ယူမွေးစားလိုက်ပါတော့တယ်။

လူအရောက်အပေါက်ကင်းမဲ့တဲ့ Yorkshire ဖုန်းဆိုးတောတွေမှာ တည်ရှိတဲ့ Misselthwaite ဆိုတဲ့ အိမ်ကြီးဆီကိုပေါ့။စစ်ပွဲအတွင်းမှာ Misselthwaite အိမ်ကြီးကို စစ်တပ်က ဆေးရုံအဖြစ်အသုံးပြုခဲ့ပြီးအဲ့ဒီအိမ်ထဲမှာပဲ စစ်သားအများအပြားသေဆုံးခဲ့ဖူးတယ်။ညဘက်တွေဆို အဲ့ဒီအိမ်ထဲမှာ အော်ဟစ်ငိုကြွေးသံတွေကို ကြားရတတ်တယ်။အဲ့ဒီအသံတွေရဲ့ အရင်းအမြစ်က ဘာဖြစ်မလဲ။တစ်နေ့မှာ Mary က ကွယ်လွန်သွားတဲ့ အဒေါ်ဖြစ်သူGrace Craven (Mr. Carven ရဲ့ဇနီး) ရဲ့ လျှို့ဝှက်မှော်ဥယျာဥ်ကို ရှာဖွေတွေ့ရှိခဲ့တဲ့နောက်…

0 comments:

Post a Comment