Hotel Rwanda (2004)


 

Rating : 8.1/10
Country : United State
Genre : Biography, Drama, History 
Cast : Don Cheadle, Sophie Okonedo, Joaquin Phoenix 
Released Date : 2004
Duration : 2h 1min

အညွှန်း
ဒီကားလေးက IMDB 8.1/10 ရရှိထားပြီး 1990 ကာလပိုင်းကရဝမ်ဒါနိုင်ငံမှာ အမှန်တကယ် ဖြစ်ပွားခဲ့တဲ့ လူသားမျိုးနွယ်ရဲ့ အဆိုးရွားဆုံးလို့သတ်မှတ်ခံထားရတဲ့ လူမျိုးတုန်းသတ်ဖြတ်မှုကြီးတစ်ခုကိုအခြေခံထားတဲ့ ဖြစ်ရပ်မှန် Historical Dramaဇာတ်ကားကောင်းလေးတစ်ကား ဖြစ်ပါတယ်။


 
စက်ဆုပ်ရွ့ံ့ရှာဖွယ်ကောင်းတဲ့ လူသားမဆန်မှုတွေကိုကြည့်ပြီးအသိတရား ရရှိစေမယ့် ဇာတ်ကားတစ်ကားလည်းဖြစ်ပါတယ်။ဇာတ်လမ်းမကြည့်ခင်Rwanda နိုင်ငံရဲ့ Hutu နဲ့ Tusti တွေအကြောင်းနည်းနည်းသိထားမှ ကြည့်ရတာ ပိုအသက်ဝင်ပါလိမ့်မယ်။

Rwanda နိုင်ငံကို ဘယ်လ်ဂျီယံတွေအုပ်ချုုပ်စဉ်က Rwanda နိုင်ငံသားတွေကိုလူမျိုးနှစ်စုခွဲခဲ့ပါတယ်။ နှာခေါင်းရှည်ရှည်နဲ့အသားဖြူဖြူ ရုပ်သန့်သန့်ကောင်တွေကို Tusti တွေအဖြစ် သတ်မှတ်ပြီးတော့အုပ်ချုပ်ရေးပိုင်းမှာ အလုပ်တွေခန့်ပြီး နေရာပေးခဲ့ပါတယ်။


 
အဲဒီကတည်းကအခွဲခြားခံ Hutu တွေဟာ ဘယ်လ်ဂျီယံအစိုးရနဲ့တစ်ပါတည်း Tusti တွေကိုပါမုန်းတီးစိတ်ဝင်သွားကြတာပါ။ ဘယ်လ်ဂျီယံတွေ အာဏာပြန်လွှဲချိန်ကျတော့Hutu တွေဆီ အာဏာလွှဲအပ်လိုက်ရတာနဲ့ ခေတ်အဆက်ဆက်အဖိနှိပ်ခံ Hutu တွေဟာ Tusti တွေကို အခဲမကျေဘဲရက်ရက်စက်စက် လက်စားချေဖို့ လုပ်ကြတာဖြစ်ပါတယ်…

1990 လို ဆက်သွယ်ရေးစနစ်တွေ လျင်မြန်နေပြီဖြစ်တဲ့ ခေတ်ကြီးထဲမှာတစ်ကမ္ဘာလုံးက သတိမထားမိအောင်ကို Hutu လက်နက်ကိုင်တွေနဲ့Hutu တပ်မတော်တို့ ပိပိရိရိယုတ်မာခဲ့ကြတာပါ။ ၃ လအတွင်းမှာလူပေါင်း ၁ သန်းနီးပါးကို ရက်ရက်စက်စက်သတ်ဖြတ်ခဲ့ကြပါတယ်။

ဇာတ်လမ်းထဲမှာတော့ ဒီကြောက်မက်ဖွယ်ရာ လူသတ်ပွဲကြီးမှာMille Collines ဟိုတယ်ရဲ့ မန်နေဂျာဖြစ်သူ ပေါလ်ရူဆာဘာဂီနာဟာHutu နဲ့ Tusti ဒုက္ခသည်ပေါင်း ၁၀၀၀ ကျော်ကို ဘယ်လိုကယ်ဆယ်မလဲ၊သူ့ရဲ့ မိသားစုဝင်တွေကိုရော အသက်ဘေးက လွတ်စေဖို့ဘယ်လိုတွေ လုပ်မလဲဆိုတာကို ရင်တစ်ထိတ်ထိတ်နဲ့ ကြည့်ရှုရမယ့်ဇာတ်ကားကောင်း တစ်ကားဖြစ်ပါတယ်။

0 comments:

Post a Comment