Dohchay ဆိုတာ ခိုးယူခြင်းလို ့ အဓိပ္ပာယ်ရပါတယ်။
ဟုတ်ပါတယ်။
ဒီကားက သူခိုးကားပါ။
ချန်ဒူးဆိုတဲ့ လူငယ်တစ်ယောက်ဟာ
သူ ့ညီမအတွက် သတို့သားရှာပေးဖို့နဲ့
သူကျောင်းတက်ဖို့ အတွက်
သူငယ်ချင်းတစ်စုနဲ့ မဖြစ်ညစ်ကျယ်
လိမ်လည် ခိုးယူနေကြသူတွေပါ။
ဒါပေမယ့် စိတ်ကောင်းတော့ ရှိကြပါတယ်။
သူတို့လုပ်သမျှအလုပ်တွေကို သိနေတဲ့
ရဲအရာရှိ ရစ်ချက်ဆိုတာလည်း ရှိပါသေးတယ်။
ရစ်ချက်က သူတို့ကို လုပ်ချင်ရာလုပ်
လွှတ်ပေးထားပြီးမှ
သူတို့ဆီကနေ လာဘ်စားနေသူပေါ့။
ချန်ဒူးတစ်ယောက် မီရားဆိုတဲ့ ကောင်မလေးနဲ့
ချစ်ကြိုးသွယ်မိပါတယ်။
ဒီအချိန်မှာ ထောင်ထဲကိုရောက်နေတဲ့
ချန်ဒူးအဖေက နှလုံးဖောက်လာလို့
ဆေးရုံတင်လိုက်ရပါတယ်။
သူ ့အဖေနှလုံးရောဂါရှိတဲ့ ကိစ္စကို
အကြောင်းပြပြီး ထောင်ကနေ
လွတ်ငြိမ်းချမ်းသာခွင့်တောင်းလို့ ရတယ်ဆိုတာကို
ချန်ဒူးသိတော့ ဝန်ကြီးရဲ့ PA ဆီကို သွားပါတယ်။
PA နဲ့ ချိန်းထားတဲ့ နေရာအရောက်မှာ
သေနတ်ကိုင် အုပ်စုနှစ်ခု
တစ်ဖက်နဲ့ တစ်ဖက် အပြန်အလှန်ပစ်ခတ်ပြီး
အားလုံးသေဆုံးကုန်တဲ့ အဖြစ်နဲ့
ကြုံတွေ့လိုက်ရပါတယ်။
သူတို့ကျန်ခဲ့တဲ့ ငွေထုပ်ကို ပိုက်ပြီး
ချန်ဒူး အိမ်ကိုပြန်လာခဲ့ပါတယ်။
ဇာတ်လမ်းက တစ်ကွက်ကနေ
နောက်တစ်ကွက်ကို ပြောင်းလဲတဲ့နေရာမှာ
အရမ်းမြန်လွန်းသလို အညွှန်းရေးဖို့
အတော်စဉ်းစားရပါတယ်။
တစ်ခု ပြောနိုင်တာကတော့
အပစ်အခတ် အသတ်အပုတ်တွေ
ကလိမ်ကျ ချောက်တွန်းတာတွေနဲ့
ဒီဇာတ်ကားကို ခပ်မြူးမြူး ရိုက်ထားတယ်ဆိုတဲ့
အချက်ပါ။
အဓိက မင်းသားက
Hello မင်းသား Akhil Akkineni ရဲ့
အကိုအရင်း Naga Chaitanya Akkineni ဖြစ်ပြီး
မင်းသမီးလေးကလည်း
တနေ့က ထွက်လာတဲ့ Mr.Majnu ကားထဲက
မင်းသမီးချောလေး Kriti Sanon ဖြစ်ပါတယ်။

0 comments:
Post a Comment