Look Out, Officer! (1990)



Rating : 5.9/10
Country : China
Genre :  Comedy, Crime, Action
Cast : Stephen Chow, Bill Tung, Stanley Sui-Fan Fung
Released Date : 1990
Duration : 1h 30min

အညွှန်း
ဟာသဘုရင်ကြီး Steven Chow ရဲ့ ၁၉၉၀ ကဇာတ်ကားတစ်ကားပါ။Steven Chow ဇာတ်ကားဆိုတော့ အထူးပြောစရာမလိုအောင် အရမ်းရယ်ရမှာဖြစ်တဲ့ အတွက် ရယ်ရင်မလှသူများ မကြည့်သင့်ပါဘူး ။ဇာတ်လမ်းအကျဉ်းကတော့ အထာကျကျ ဆရာကြီး ရဲအရာရှိ Biao တစ်ယောက် မူးယစ်ဆေးဂိုဏ်းတစ်ဂိုဏ်းကိုတစ်ကိုယ်တော်ဝင် ဖြိုခွင်းရင်း အသတ်ခံလိုက်ရပါတယ်။လောင်းကစားလုပ်တတ်တဲ့ ဝါသနာဆိုးကြောင့် သူ့ကိုလောင်းကစားကျွေးမပေးနိုင်လို့ကိုယ့်ကိုကိုယ်သတ်သေသွားတာလို့ပဲ
အားလုံးကထင်ကြတဲ့အတွက် သူ့ရဲ့ သေဆုံးမှုအကြောင်း အမှန်အတိုင်းဖြစ်စေဖို့ လူပြည်ကိုပြန်လာခဲ့ပါတယ်။အဲဒီမှာ သူ့ရဲ့ကယ်တင်ရှင်ဖြစ်မယ့် ရဲသားသစ် Sing(Steven Chow) ကိုတွေ့ပြီး သူ့အတွက်လက်စားချေပေးပြီးသူ့ရဲ့နာမည်ကို ပြန်လည်သန့်ရှင်းပေးရင် Sing အတွက် ရာထူးတိုးပြီး ကောင်မလေးနဲ့ အဆင်ပြေအောင်လုပ်ပေးမယ်ဆိုပြီး အပေးအယူဖြစ်သွားကြပါတယ်။သူတို့နှစ်ယောက်ပေါင်းပြီး ဘာတွေတလွဲတွေဖြစ်မလဲ ဆိုတာ ပါးစပ်မပိတ်ရအောင် ရယ်နေရမှာဖြစ်ပါတယ်။

0 comments:

Post a Comment