Season (1) - 8 Episodes
Season (2) - 9 Episodes
Season (3) - 8 Episodes
Rating : 8.8/10
Country : United State
Genre : Action, Adventure, Drama
Cast : Winona Ryder, David Harbour, Finn Wolfhard, Millie Bobby Brown, Gaten Matarazzo, Caleb McLaughlin, Noah Schnapp, Natalia Dyer, Charlie Heaton, Joe Keery and Cara Buono.
Released Date : 2016-Ongoing
လက်ရှိ Netflix ကနေ ထုတ်လွှင့်နေပြီး လူကြိုက်များ ရေပန်းစားနေတဲ့ စီးရီးအသစ်လေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။ ဒါကတော့ Stranger Things Series လေးပါ။ သဘာဝလွန်ဖြစ်ရပ်တွေ ခြောက်ခြားစရာဇာတ်လမ်းတွဲတွေကို ခုံမင်သူ ပရိသတ်တွေအတွက်ကတော့ အကြိုက်ဖြစ်မှာပါ။လက်ရှိ Season 2အထိ ထွက်ရှိထားတဲ့ ဒီစီးရီးလေးက ၁၉၈၀ခုနှစ်များမှာ ဇာတ်အိမ်တည်ထားပါတယ်။ဆယ်ကျော်သက်ကလေးတွေရဲ့ပီပြင်လွတ်လပ်တဲ့သရုပ်ဆောင်ချက်တွေရယ်ခိုင်မာတဲ့ဇာတ်အိမ်ရယ်ကမပျင်းမရိ ကြည့်လို့ကောင်းအောင်ပံ့ပိုးပေးထားနိုင်တယ်လို့ပြောရမှာပါ။
လတ်တလော ရေပန်းအစားဆုံးဖြစ်နေတဲ့အပြင် ပီပြင်တဲ့သရုပ်ဆောင်ချက်တွေအတွက် The Screen Actors Guild Award ဆု နဲ့ the 69th Primetime Emmy Awardsအတွက် လျာထားခံရတဲ့ ဆုက၁၈ဆု ဒါ့အပြင် Outstanding Drama Series ဆုတွေပါရရှိထားတာပါ။ Imdb Rating 8.9/10 , Rotten Tomatoes Rating 96% ရရှိထားတဲ့ ဒီSeries လေးက အပြိုင်အဆိုင်များတဲ့ သဘာဝလွန်ဇာတ်လမ်းတွဲတွေရဲ့ အစဉ်အလာကနေ
ဘယ်လိုဖောက်ထွက်မလဲဆိုတာစိတ်ဝင်စားစရာပါ။ဇာတ်လမ်းအကျဉ်းလေးကတော့………..
2016 ခုနှစ်ထွက်ရှိထားပြီး Sci-Fi, Thriller, Horror အမျိုးအစား miniseries လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီလောကနဲ့ အပြိုင်တခြားလောကတွေ မြေအောက်ကမ္ဘာတွေ ထူးဆန်းအံ့သြဖွယ် သတ္တဝါတွေရှိတယ်လို့ ယုံကြည်ကြပါသလား။ အကယ်၍ ရှိခဲ့မယ်ဆိုရင်ရော ဘယ်လိုမျိုးများဖြစ်မလဲ ဘယ်လိုပုံစံနဲ့တည်ရှိနေမှာလဲ ဒီကမ္ဘာနဲ့ဘယ်လိုများဆက်စပ်နေမှာလဲလို့ တွေးကြည့်ခဲ့ဖူးပါသလား။ ဒီလိုစိတ်ကူးတွေကို ဒီစီးရီးလေးက ပုံဖော်ပေးထားပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့…….. ဟော့ကင်းမြို့ကလေးမှာ တိတ်ဆိတ်အေးချမ်းပြီး ရာဇဝတ်မှုတွေကင်းလို့ အေးချမ်းတဲ့နယ်မြို့လေးတစ်မြို့ပါ။ ဒီမြို့လေးမှာ ဉာဏ်ကောင်းပြီးသွက်သွက်လက်လက်ရှိတဲ့ “မိုက်ကယ်” ၊ ချစ်စရာကောင်းပြီး အစားပုတ်တဲ့ “ဒက်စတင်” ၊ သိပ္ပံပညာကို ဝါသနာအရမ်းပါပြီး စကားတတ်တဲ့ ကပ္ပလီလေး “လူးကပ်စ်”၊ လူကြောက်တတ်ပြီး ရိုးရိုးအေးအေးနေတတ်တဲ့ “ ဝေလ်” ဆိုတဲ့ ၁၂ နှစ်အရွယ် အရမ်းချစ်ကြတဲ့သူငယ်ချင်းလေးလေးယာက်ရှိပါတယ်။ ဟော့ကင်းမြို့လေး နဲ့ မနီးမဝေးမှာ အမေရိကန်အစိုးရရဲ့ သုတေသနဌာနကြီးတစ်ခုရှိပါတယ်။ အဲဒီဌာနကတော့ အဓိကစိတ်နယ်လွန်ဖြစ်ရပ်တွေနဲ့ စိတ်စွမ်းအားတွေကို အထူးပြု လျှို့ဝှက်လေ့လာနေတဲ့ သုတေသနဌာနကြီးပါပဲ။ တစ်နေ့တော့ သူငယ်ချင်းလေးယောက်ထဲက “ဝေလ်” တစ်ယောက် ပျောက်ချင်းမလှပျောက်ဆုံးသွားပါတော့တယ်။ တစ်ပြိုင်နက်တည်းမှာပဲ စမ်းသပ်ခန်းတစ်ခုနေ ထွက်ပြေးလာတဲ့ ဘာဆိုဘာမှသိပ်မသိပေမယ့် စိတ်စွမ်းအားတွေ ပိုင်ဆိုင်တဲ့ “အဲလ်လဗင်း” ဆိုတဲ့ကလေးမလေးလည်း ဒီမြို့ထဲကို ထွက်ပြေးလွတ်မြောက်လာပါတယ်။
-ဘာကြောင့် ဝေလ်က ပျောက်ဆုံးသွားရတာလဲ
– ဝေလ် ပျောက်ဆုံးမှုကရော အဲလ်လဗင်းနဲ့ ဘယ်လိုများဆက်စပ်ပတ်သတ်နေလဲ
– သူတို့ အချစ်ဆုံးသူငယ်ချင်းလေး ဝေလ်ကိုရော သူ့ဘော်ဒါသူငယ်ချင်းတွေ
ဘယ်လိုလိုက်ရှာမလဲဆိုတာကိုတော့ ဆက်လက်ရှုစားလိုက်ပါ။
(ဒီစီးရီးလေးနဲ့ပတ်သတ်ပြီး ထူးခြားချက်လေးက ကလေးသရုပ်ဆောင်တွေကို အဓိကနေရာကနေထားပြီး သုံးသွားတာပါ။ ဒါပေမယ့် ဒီစီးရီးက ကလေးပရိသတ်အတွက် သီးသန့်စီးရီးလိုမျိုး မဟုတ်ပါဘူး။ ဒီကားကို Netflix က မထုတ်လွင့်ခင်က တခြားရုပ်သံလိုင်းပေါင်း ၁၅ ခုက ကလေးတွေနဲ့ပဲ အဓိက သရုပ်ဆောင်ထားလို့ ငြင်းပယ်ခဲ့ဖူးပါတယ်တဲ့။ ဒီကားကို စိတ်ကြိုက်ပုံဖော်နိုင်ဖို့ ဒါရိုက်တာက ကလေးသရုပ်ဆောင်ပေါင်း ၁၀၀၀ ကျော်လောက်နဲ့ စမ်းရိုက်ကြည့်ပြီးမှ ဒီအဓိကဇာတ်ဆောင် ကလေးတွေကို ရွေးချယ်ထားတာပါ။
0 comments:
Post a Comment