Rating : 6.5/10
Country : India
Genre : Drama
Cast : Richa Chadha, Shabana Azmi, Arya Babbar
Released Date : 2016
Duration : 2h 10min
အညွှန်း
ရှင်ကြားဖူးလား ဆရာမတွေနာမည်ကြီးတာ အခမ်းအနားတွေမှာ ဖိတ်ကြားခံရတာမျိုး။ မြင်ဖူးလား BMW , AUDI ကားကြီးတွေနဲ့ရောက်လာတာမျိုးလေ..။ ရိုးရာအဝတ်အစားလေးဝတ်၊ ခြေထောက်မှာညှပ်ဖိနပ်နဲ့ လက်ထဲမှာ ထီးကိုကိုင်ထားတာ … အဲဒါဆရာမတွေပုံစံပဲ …။
Call-Centre မှာလုပ်ရင်တောင် အခြေခံလစာက Vidya ရဲ့ လုပ်သက် ၂၈ နှစ်စာရတယ် …။ ကုမ္ပဏီတွေက ကားနဲ့အိမ်အထိလို်က်ပို့ပေးကြတယ် …။ ကျွန်မတို့ဆရာမတွေကတော့ ကားတွေ ရထားတွေမှာတောင် ရပိုင်ခွင့်မရှိဘူး …။ လေးစားခံရတယ်ဆိုပေမယ့် ကျွန်မတို့နိုင်ငံမှာ လစာမြင့်တွေ ၊ နိုင်ငံရေးသမားတွေ၊ သရုပ်ဆောင်တွေ ၊ သူတို့ကတော့ အဓိကဧည့်သည်အဖြစ်နဲ့ ဖဲကြိုးလေးဖြတ်ဖို့ ဖိတ်ကြားခံရတယ် …။
သူတို့လစာကိုလည်းယှဉ်ကြည့်အုံး စားဝတ်နေရေးအတွက် လည်ပတ်ဖို့ အနိုင်နိုင် ...ထောက်ပံ့မှုတွေတောရပါတယ် … SSC စာမေးပွဲတွေမှာ ကြီးကြပ်ရမယ့်နေရာမှာ ၃ နာရီလောက် ရပ်နေရတာမျိုးပေါ့ …။ အဲဒီအတွက် ဘယ်လောက်ရသလဲသိလား …..။ ဒီစကားတွေကို … အကဆရာမလေး Jyoti က မီဒီယာနဲ့ အင်တာဗျူးမှာ ပြောပြခဲ့တာဖြစ်ပါတယ်။
2016 က ထွက်ခဲ့တဲ့ Chalk N Duster ဇာတ်ကို ပြန်ကြည့်မိရင်း ဖောက်သည်ချပေးတာပါ ..။
KantaBan ဆိုတဲ့ ကျောင်းတစ်ကျောင်းမှာ အုပ်ချုပ်ရေးမှူး က လုပ်ငန်းရှင်နဲ့ ပေါင်းပြီး စီးပွားဖြစ်ကျောင်းအဖြစ် ပြောင်းလဲဖို့ ဆရာမတွေကို အလိုလိုထွက်သွားစေဖို့အတွက် ပြဿနာမျိုးစုံး ဖန်တီးရာက စဖြစ်လာခဲ့တယ်…။
တစ်နေ့တစ်ခြား ပြဿနာမျိုးစုံးဖန်တီးရာကနေ သင်ကြားမှုသက်တမ် ၂၈ နှစ်ရှိပြီဖြစ်တဲ့ ဆရာမ Vidya ကို သူရဲ့ သင်ကြားနည်းတွေက ရှေးရိုးဆန်ပြီး အင်တာနေရှင်နယ် မဖြစ်တဲ့အတွက်လို့ ပြောဆိုပြီး အုပ်ချုပ်ရေးမှူးနဲ့ အချေအတင်တွေ ဖြစ်ကြပါတယ်။ အဲဒီနောက်မှာ ဆရာမအရည်အသွေး မပြည့်မီတဲ့ အတွက်ဆိုတဲ့ အကြောင်းပြချက်နဲ့ အုပ်ချုပ်ရေးမှူးသစ်ဆီက Termination Letter ရောက်လာပါတယ်။ ယခင်ကတည်းက နှလုံးရောဂါ အခံရှိသူမို့ Shock ရပြီး ဆေးရုံတင်လိုက်ရပါတယ်။
အကဆရာမလေး Jyoti က မီဒီယာတွေနဲ့ တွေကဆုံဖြေရှင်းရာက ဟိုးလေးတကျော် ဖြစ်သွားတယ်။ 28 နှစ်ကျော်လုပ်သက်ရှိတဲ့ ဆရာမကြီး Vidya ရဲ့ တပည့်တွေက မီဒီယကတစ်ဆင့် ဆရာမကို ကျေးဇူးတင်ကြောင်းနဲ့ ကျန်းမာရေးကောင်ဖို့ အသီးသီးဆုတောင်ပေးကြပါတယ်။
ဒီပြဿနာကို ဖြေရှင်းဖို့အတွက် လူသိရှင်ကြားဖြစ်တဲ့ကိစ္စဖြစ်လို့ အားလုံးအရှေ့မှာ ဖြေရှင်းရမယ်လို့ ဝန်ကြီးက ပြောပါတယ်။ ဆရာမတွေဟာ တကယ်ပဲ ခေတ်အမြင်မရှိ စံနှုန်းမမီခြင်း ဟုတ်/မဟုတ် သိစေဖို့ တိုက်ရိုက်ထုတ်လွှင့်မှု အစီအစဉ်နဲ့ ကျောင်းအုပ်ချုပ်ရေးမှူးနဲ့ ပိုင်ရှင်တွေဘက်က မေးခွန်း ဆယ်ခုမေးတာကို ဖြေရမျာ ဖြစ်ပါတယ်။
ဆရာမတွေဟာ အဲဒီမေးခွန်းဆယ်ခုကို ဖြေနိုင်ရင် ရူပီသန်း ၅၀ ကို ရရှိမှာဖြစ်ပြီး အုပ်ချုပ်ရေးမှူး မှ အားလုံးရှေ့မှာ တောင်းပန်ရမှာဖြစ်ပါတယ်။ မဖြေနိုင်ပါက ဆရာမနှစ်ယောက်ဟာ ပညာရေးကနေ အပြီးအပိုင်နှုတ်ထွက်ရမှာဖြစ်ပါတယ်…။
ဆရာမတစ်ယောက်ရဲ့ ပြင်ပ ဗဟုသုတ ပြည့်ဝမှု / အရည်အချင်း ပြည့်စုံနေမှု ကို လည်း
သက်သေပြဖို့ ကြိုးစားခဲ့ပါတယ်။ အဲဒီမှာ နှစ်ပေါင်း ၂၈ နှစ်ကြာကြာ သင်ကြားလာတဲ့ ဆရာမကြီး Vidy နဲ့ အကဆရာမလေး Jyoti တို့က ဒီမေးခွန်းဆယ်ခုကို သူတို့ဘဝတစ်သက်တာ လေ့လာထားခဲ့တဲ့ အရာတွေ ထဲက ပြင်ပဗဟုသုတနဲ့ ခေတ်အမြင်ဘယ်လောက်ရှိကြောင်း လက်တွေ့ပြသလိုက်ကြပါတယ် …။
၁။ နိုင်ငံတော်သီချင်းကို “Jana Gana Mana” ကို ဘယ်အချိန်မှာ စဆိုဖြစ်တာလဲ။
ဆရာမကြီးက ၁၉၁၁ မှာ စဆိုတာဖြစ်ပြီး အိန္ဒိယနိုင်ငံတော် ကာကတ္တားကွန်ဂရက်အချိန်ဖြစ်တယ်။ မူရင်းက ဘင်ဂါလီ ဘာသာဖြစ်တယ်လို့ဖြေတယ်။
ဆရာမ Jyoti ကတော့ ထပ်ဆောင်းပြီး လွှတ်တော်မှာတရာဝင်မွေးစားတာဖြစ်ပြီး ၁၉၅၀ ဇန် ၂၄ မှာ နိုင်ငံတော်သီးချင်းအဖြစ် သတ်မှတ်ကြောင်း သေချာဖြေလိုက်ပါတယ် …။
၂။ ဆင်းခ်ဘာသာမှာ ယောက်ျားလေးဆိုရင် ဆင်းခ်လို့ခေါ်ပြီး မိန်းကလေးမှာ ကော်ဆိုပြီး တပ်ပါတယ်။ စာပေမှာ ဆင်းခ်ဟာ ခြင်္သေ့ ဖြစ်ပြီး ကော် ကဘာလဲ လို့မေးတယ်။
ဒီမေးခွန်းကို ပြင်ပက နီးစပ်ရာလူတွေ အခေါ်အဝေါ်ပေါ်မူတည်တွေးတောပြီး သူတို့ဖြေနိုင်ခဲ့ပါတယ်။ အဓိပ္ပာယ်က မင်းသမီး ပါတဲ့ ..။
၃။ အိန္ဒိယလေတပ်က တစ်ဦးတည်းသောစစ်မှုထမ်း ပါရန်ဗီရာချက်ကရာ နဲ့အတူ ဂုဏ်ပြုခံရသူရဲ့ နာမည်ဖြစ်ပါတယ်။
ချက်ချင်းပဲ ဆရာမလေး Jyoti က ၁၉၇၁ စစ်ပွဲမှာ နီမန်ဂျစ်ဆင်ခ်စီခ်ဟိုဟာ လေယာဉ်သုံးစီးကို ပစ်ချခဲ့ပြီး သူရဲကောင်းမှတ်တမ်းဝင်ခဲ့တယ်။ လို့ဖြေတဲ့အခါ အဖြေမှန်ကြောင်းနဲ့ သူကိုဂုဏ်ပြုတဲ့အနေနဲ့ တံဆိပ်ခေါင်းပါ ထုတ်ဝေခဲ့ကြောင်း ထပ်ပြောပါတယ်။
၄။ စက်ဘီးတစ်စီးပေါ်မှာ ဒုံကျည်ထပ်ဖူးကို တင်ပြီးသယ်သွားတဲ့ ပုံကိုပြပြီး အဲဒီပုံအကြောင်းပြောခိုင်းတာပါ။
ဆရာမနှစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက်ကြည့်ရယ်ရင်း အိန္ဒိယရဲ့ ပထမဆုံး ဒုံးကျည်ဖြစ်တဲ့ နိုက်ကီအပါချီ ၁၉၆၃ မှာ ကဲရာလာမှာ ISRO ကနေ တန်ဘာအပူပိုင်းဇုန်ကနေထုတ်ခဲ့တာဖြစ်ကြောင်း ဆရာမ Jyoti ကပြောပါတယ်။
ဆရာမကြီးကတော့ ဘာလို့စက်ဘီးနဲ့သယ်လဲဆိုရင် ဒုံးကျည်ပစ်စင်ဟာ တစ်ခုတည်းရှိပြီး လမ်းမှာအုန်းပင်တွေ တောက်လျှောက်ပေါက်နေလို့ပါ တဲ့။ အဖြေမှန်ပါတယ်လို့ ကြေညာတဲ့အခါ ဆရာမကြီးက ကျွန်မတို့ရဲ့ အရင်သမ္မတ ဒေါက်တာ APJ အက်ပဒူကာလန် လည်းပါတယ်လို့ ထပ်ဆောင်းပြောတဲ့အခါ Presenter က မေးခွန်းထက်တောင် ပိုကောင်းနေတယ်လို့ ချီးကျူးပါတယ်။
၅။ ” ဒလိုင်းလားမား ရဲ့ နာမည်အဓိပါ္ပယ်”
ဒလိုင်း ဟာ မွန်ဂိုလီယားစကားဖြစ်ပြီး သမုဒ္ဒရာလို ကျယ်ပြောပါတယ်လို့ အဓိပ္ပာယ်ရတယ်။ လားမား ဟု တိဘက်ဘာမှာ ဘုန်းကြီး ဖြစ်ပါတယ်။ လူတွေက သူရဲ့ မေတ္တာတရားဟာ သမုဒ္ဒရာလောက်ကျယ်ပြောတယ် လို့ ယုံကြည်ကြတာပါ။
အဖြေမှန်သွားခဲ့ပါတယ်။
၆။ ရှေးဟောင်းအဖြူအမဲ ဗွီဒီယိုဖိုင်တစ်ခု ဖွင့်ပြပါတယ်.. လူအုပ်တွေထဲမှာ ကောင်မလေးတစ်ယောက်နဲ့ အတူကနေတဲ့ မျက်မှန်တပ်ထားတဲ့ တစ်ယောက်ဟာ ဘယ်သူလဲလို့ မေးပါတယ်။
ဆရာမလေးက Jyoti က ဘရုစလီ ဖြစ်ပါတယ်လို့ ပြုံးပြုံးလေးပြောပါတယ်။
Presenter ကတော့ ဘရုစလီဟာ သိုင်းအကျော်အမော်ဖြစ်တာကြောင့် သူတော့မယုံဘူးလို့ တန်းဖြေတော့ ဘရုစလီဟာ အရင်က အကသမားဖြစ်ခဲ့ပြီး မင်းသားမဖြစ်ခင် Cha Cha Cha ကို သင်ဖို့သုံးခဲ့တယ်လို့ ဖြေတယ်။
၇။ “Yahoo ရဲ့ အရှည်ကောက် “ဘာလဲ…။
ဆရာမကြီးက စာရွက်ပေါ်မှာ ချရေးပြီး အဓိပ္ပာယ်နီးစပ်မှုကို ဆက်စပ်ကောက်ယူပြီး တန်းပြောလိုက်တယ် … Yet Another Hierarchical Officious Oracle.
ဆရာမလေးက တဖန် Google ရဲ့ အရှည်ကောက်ကို ထပ်ပြောပြပါတယ်။ Global Organization Of Oriented Group Language of Earth.
၈။ ပထမဆုံး ဓာတ်ဆီသုံးကားကို ဘယ်သူစတီထွင်ခဲ့သလဲ။ ဘယ်အချိန်တုန်းကလည်း။
သိသိသာသာကို ခက်သွားပါတယ်။ အဲဒီအတွက် မေးခွန်းထုတ်တဲ့ အုပ်ချုပ်ရေးမှူးအသစ်လည်း မျက်နှာလေး နည်းနည်းပြုံးယောင်သန်းလာပါတယ်။ ဒါပေမယ့် ဆရာမ Jyoti က သေသေချာချာ စဉ်းစားရင်း Car Show Room ကို သွားတုန်းက Flyer တစ်ခုမှာ ရေးထားတာကို ဖတ်မိရာက မှတ်ထားပြီး Karl Benz, 1886
ပြိုင်ဘက်တွေ အားလုံး အံအားသင့်ကုန်တဲ့အထိပါပဲ။ အဲဒီအချိန်မှာ သူတို့ဟာ ရူပီ ၁၀ သန်းရနေပြီဖြစ်ပါတယ်။
၉။ ရူပီ သန်း ၂၀ တန် မေးခွန်းဖြစ်တဲ့ ခရစ်တိုဖာ ကိုလံဘတ်နဲ့ ဘာစကိုဒဂါးမားတို့ဟာ ကမ္ဘာကိုပတ်ဖို့ ယူသွားတဲ့ မြေပုံဟာ ဘယ်သူဆွဲထားတာလဲ။
မေးခွန်းကို စဉ်းစားလို့ လုံးဝမရပါဘူး။ မေးခွန်းကို မဖြေဘဲ ၁၀ သန်းယူသွားမလား။ အမှားခံပြီးထွက်မှာလား ။ ဆိုတာ တချို့လူတွေက သူတို့ကို ၁၀ သန်းယူပြီး သွားမယ် တွေးကြတယ်။ အခွင့်ရေးတစ်ခုက သူတို့နှစ်ယောက်အပြင် အခြားဆရာမတစ်ယောက်ကို အကူညီတောင်းခွင့်ရှိတယ်ဆိုတော့ သူတို့ရဲ့ အရင် အုပ်ချုပ်ရေးမှူးဟောင်း ဆရာမ အင်ဒူရှာစ်တရီ ကိုရွေးလိုက်ပါတယ်။
ဆရာမကြီးက အေးဆေးပဲဖြေပေးပါတယ်။ မြေပုံကို အာရပ်ပညာရှင် မိုဟာမက်အလီအိုင်ဒရီစီ ဆွဲတာဖြစ်ပြီး အဲဒီမြေပုံဟာ အပေါ်ပိုင်းဟာ တောင်ဖြစ်ပြီး အောက်ပိုင်းဟာ မြောက်ဖြစ်ပါတယ်တဲ့။
၁၀။ သန်း ၅၀ တန်မေးခွန်းက -- ဆရီဟန်နုမန်ချာလီဆာ မှာ တူဆီးဒတ်ဟာ စကြာဝဠာရဲ့ လျှို့ဝှက်ချက်ကို ဖော်ခဲ့တယ်။ အဲဒါဘာလဲ …။
ဆရာမကြီး Vidya က ဘာသာတစ်ခုခုကို ရွတ်ပြီး စာရွက်မှာ ချရေးပါတယ်။ Yug -နှစ်ပေါင်း ၁၂၀၀ ၊ Shehestra နှစ်ပေါင်း ၁၀၀၀ ၊ တစ် Yojan ဆိုတာ ၈ မိုင် ၊ သုံးခုကို မြှောက်ရင် -၁၂၀၀၀ x ၁၀၀၀ x ၈ = ၉၆,၀၀၀,၀၀၀ မိုင် ၊ ၁မိုင် က ၁.၆ ကီလိုမီတာ ။ ထပ်မြှောက်ရင် ၁၅၃,၆၀၀,၀၀၀ …/
Bhanu ဆိုတာက နေ .. နေနဲ့ ကမ္ဘာကြားကို သိပ္ပံပညာရှင်တွေက ၁၈ ရာစုမှာ တွက်ချက်နိုင်ပေမယ့် တူဆီးဒတ်က အဲဒါကို ၁၆ ရာစုမှာ သတ်မှတ်ပေးခဲ့ပြီးပြီတဲ့ ..။
သူတို့နိုင်သွားပါတယ် … သန်း ၅၀ ရပြီး သူတို့က ဒီပိုက်ဆံနဲ့ ကျောင်းတစ်ကျောင်းထောင်ပြီး အရင်ဆရာမကြီးကို ကျောင်းအုပ်ပြန်လုပ်စေပြီး သူတို့နှစ်ယောက်ကတော့ မြေဖြူ နဲ့ ဘောဖျက် ပဲ ဆက်လုပ်တော့မယ်တဲ့ …။
ဒီဇာတ်ကားကို ကြည့်ပြီး ကိုယ့်ရွာရဲ့ ကျောင်းက ဆရာ/ဆရာမတချို့ စာကြည့်တိုက်မှာ စာအုပ်လာငှားရင် ဂန္ဘီရတွေချည်းဆိုတော့ ဒီဇာတ်ကားကို ကြည့်စေချင်တယ် … စာတွေအများကြီးဖတ်စေချင်မိတယ် … ။
0 comments:
Post a Comment