ဒီကားလေးက သဲထိတ်ရင်ဖိုကားလေးဗျ
ဇာတ်လမ်းအစလေးက သူငယ်ချင်းတစ်စု
အိမ်တစ်အိမ်မှာ အရက်စုသောက်ဖို့ ချိန်းကြရင်း
တစ်ယောက်နဲ့တစ်ယောက် သရဲဟန်ဆောင်ကာ
စနောက်ကြရာကနေ စပါတယ် . အဲ့ဒီအုပ်စုထဲက
အရမ်းကြောက်တတ်တဲ့ဘော်ဒါကို တစ်ယောက်ပြီး
တစ်ယောက် ဇာတ်တိုက်ထားပြီး ဝိုင်းခြောက်ကြတာပါ.
ထိုသို့ စနောက်နေရင်းနဲ့ သူတို့ အိမ်တံခါးမှာ တံခါးခေါက်သံကြားလိုက်ရပါတယ်.
ဖွင့်ကြည့်လိုက်တော့ ဘယ်သူမှ မရှိပါ.
သူငယ်ချင်းအုပ်စုကတော့ ဒါ အချင်းချင်းထဲက တစ်ယောက်ယောက်
ဂျင်းထည့်တာပဲဆိုပြီး ငြင်းကြခုန်နေကြပါတယ်
အဲ့လို ငြင်းခုန်နေရင်းမှာပဲ သူတို့ အိမ်တံခါးရှေ့မှာ
ကလေးမလေးတစ်ယောက် ရောက်လာပါတယ်
ထို့နောက်………………………….
အဲ့လိုပဲလားလို့ မထင်လိုက်ပါနဲ့ ဒါက ဇာတ်လမ်းစစချင်း
ငါးမိနစ်လောက်လေးပဲ ရှိသေးတာပါ
အဲ့ဒီနောက်မှာ ဒီထက် ပိုလန့်ဖို့ကောင်းတဲ့ အရာတွေအများကြီးရှိပါသေးတယ်။
ကြည့်တဲ့သူ ဖီးလ်ပျက်မှာစိုးလို့ ဒီလောက်ပဲ ညွှန်းပါရစေ။
အော် ဒါနဲ့ ဒီကားလေးကို သားသမီးမွေးထားတဲ့ မိဘတိုင်း ကြည့်ကြည့်ပါ
ပညာပေးပုံလေးက အရမ်းလှပါတယ် သိထားတော့ ပိုကောင်းတာပေါ့ ငိငိ
0 comments:
Post a Comment