Patient Seven (2016)

Rating : 4.9/10
Country : United State
Genre :  Horror 
Cast :  Michael Ironside, Jack Plotnick, Drew Fonteiro 
Released Date : 2016
Duration :  1h 56min 

Patient Seven (2016) မြန်မာစာတန်းထိုး
========================
မင်္ဂလာပါခင်ဗျ၊ Horror ကားကောင်းကောင်းလေးတွေ စောင့်မျှော်နေတဲ့ ပရိသတ်ကြီး အတွက် Weekend မှာ.. စိတ်လွတ်ကိုယ်လွတ်ခံစားနိုင်အောင်
2016 Octorber မှာ ထွက်ရှိလာတဲ့ Patient Seven ဆိုတဲ့ Movie လေးကို တင်ဆက်ပေးလိုက်ပါတယ်။ Imdb Raing 5.1/10 နဲ့... ရှေးယခင်က အထိုက်အသင့် နာမည်ရခဲ့တဲ့ short horror story တွေကို အသွင်တစ်မျိုးနဲ့ ဇာတ်လမ်းဆင်ပြီး ပြန်လန်ဆန်းသစ်ထားခြင်းဖြစ်ပါတယ်ခင်ဗျာ။

ဇာတ်လမ်းရဲ့ ပင်မဇါတ်ကောင် Dr.Marcus ဟာ.. စာအုပ်ရေးသားဖို့အတွက်
စိတ်ရောဂါကု ဆေးရုံပေါ်က အန္တရာယ်အရှိဆုံး.. အဆိုးသွမ်းဆုံး လူနာ ၇ ယောက်ကို interview ရာက.. ဇါတ်လမ်းကို အစချီထားပါတယ်။ ဒီလို စစ်ရင်း ဆေးရင်းနဲ့ Dr.Marcus တစ်ယောက် ရိပ်စားမိလာတာ.. လူနာ ခြောက်ယောက်ဟာ နောက်ကွယ်က တစ်စုံတစ်ဦးရဲ့ ထိန်းချုပ်ကိုင်တွယ် ခံနေရသယောင်ယောင် ဖြစ်နေတာပါပဲ။ ကျန်ရှိတဲ့ လူနာ အမှတ် ၇ (Patient Seven) ဟာ ဘယ်လိုလူစားမျိုးလဲ ဘာကြောင့် ကျန်တဲ့ ခြောက်ယောက်အပေါ်မှာ သူက စိုးမိုးနိုင်စွမ်းရှိသလဲဆိုတာ..... အဖြေရှာကြည့်ကြပါစို့လားခင်ဗျာ။
Horror Movie တွေကို အစဉ်တစိုက် ကြည့်ရှုလေ့လာခဲ့ကြမယ်ဆိုရင်.. Horror Anthology ဖြစ်တဲ့ Patient Seven ဟာ အညွှန့်စား Story တွေကို သီးသန့်ပြန်လည်စုစည်းထားတယ်ဆိုတာ ရိပ်စားမိကြမှာပါခင်ဗျ။

0 comments:

Post a Comment