Proof (2005)


 

Rating : 6.7/10
Country : United State
Genre : Drama, Mystery
Cast : Gwyneth Paltrow, Anthony Hopkins, Hope Davis
Released Date : 2005
Duration : 1h 40min

အညွှန်း
ဒီကားကို ဒါရိုက်တာ John Madden က 2005ခုနှစ်မှာရိုက်ကူးခဲ့ခြင်းဖြစ်တယ်။ 27နှစ်အရွယ် Catherine (Gwyneth Paltrow)ဟာ သင်္ချာဘာသာမှာထူးချွန်သူတစ်ယောက်ဖြစ်ပြီး သူမအဖေသေဆုံးသွားပြီးနောက် အမြဲလိုလိုမှိုင်တွေနေခဲ့ပါတယ်။ အဖေဖြစ်သူ Robert(Anthony Hopkins)ကတော့ စိတ်ရောဂါရခဲ့တဲ့ အရမ်းတော်တဲ့သင်္ချာပညာရှင်တစ်ယောက်ပေါ့။ သူမရဲ့အစ်မ Claire (Hope Davis)ကတော့Catherine ကို သူမနေထိုင်ရာ Chicagoကနေပြောင်းရွှေ့လာဖို့အမြဲတိုက်တွန်းနေသူဖြစ်တယ်..Catherine ကိုလည်း “ရူးနေတဲ့ညီမလေး”အဖြစ်သတ်မှတ်ထားတယ်။

Catherine အဖေရဲ့ကျောင်းသားဖြစ်သူ Harold (Jake Gyllenhaal)ဟာသူမအဖေရဲ့ မှတ်စုတွေကနေတဆင့် တစ်စုံတစ်ခုကိုရှာဖွေဖို့ကြိုးစားနေသူဖြစ်တယ် ။ နောက်ပိုင်းမှာမှတ်စုစာအုပ်ကိုရရှိသွားပြီးနောက် ဘယ်လိုတွေအငြင်းပွားထချကြမလဲ? သူမအဖေကရော မှတ်စုထဲဘာတွေရေးထားခဲ့တာလဲ ? ညီအစ်မနှစ်ယောက်ကရော ဘာအကြောင်းတွေကြောင့်ရန်ဖြစ်ကြသလဲ? Catherineကရော သူ့အပေါ်စွပ်စွဲချက်တွေကိုဘယ်လိုတုန့်ပြန်မလဲ?
ဆိုတော့ ဒီ”Proof ” ဆိုတဲ့ကားလေးကို GC မှာကြည့်လိုရပါပြီဗျာ။

ဒါနဲ့ ဒီကားမှာ အချိန်တိုင်းအော်ဟစ်ကြတော့ ဇာတ်လမ်းပြီးတဲ့အထိ ပရိတ်သတ်ကြီးတို့ရဲ့နားထဲမှာ အော်သံတွေစွဲကျန်ရစ်စေမှာမလွဲဧကန်ပါပဲ

0 comments:

Post a Comment