The Exorcism of Emily Rose (2005)

Rating : 6.7/10
Country :  United State
Genre :  Drama, Horror, Thriller
Cast :  Laura Linney, Tom Wilkinson, Shohreh Aghdashloo 
Released Date : 2005
Duration :  1h 59min

ပရလောကဆိုတာ တကယ်ပဲ ရှိသလား။ ရှိတယ်ဆိုရင် လက်တွေ့ပြလို့ ရသလား။ လက်တွေ့မပြနိုင်တာနဲ့ပဲ မရှိဘူးလို့ပြောလို့ရသလား။ ဒါတွေဟာ သာမန်လူတစ်ယောက်အတွက် အရေးကြီးချင်မှ ကြီးပါလိမ့်မယ်။ရှေ့နေတစ်ယောက်အတွက်တော့ သက်သေပြဖို့ ခက်ခဲတဲ့ အရာကို
လက်ခံလာအောင် ကြိုးစားရတာ အလွန်တရာမှ ခက်ခဲပါတယ်။ ဘာသာရေးနဲ့ ပတ်သက်တဲ့ အကြောင်းအရာတိုင်းဟာ ယုံကြည်မှုရှိမှသာ လက်ခံကြတဲ့အရာမျိုးပါ။
ဘာသာမဲ့ရှေ့နေတစ်ယောက်ရဲ့လျှာက်လဲချက်တွေကိုရော လူတွေက လက်ခံကြပါ့မလား။ မမြင်နိုင်တဲ့ ပရလောကသားတွေရဲ့ကြာက်မက်ဖွယ်နှောင့်ယှက်မှုတွေကိုရော ဘယ်လောက်ထိခံနိုင်ရှိမှာလဲ။တိုးတက်လာတဲ့ ခတ်ပညာကို ရှေးရိုးအစဉ်အလာတွေက ယှဉ်ပြိုင်နိုင်ပါ့မလား။ရုပ်ရှင်ဝေဖန်ရေးဆရာကြီး Roger Ebert ကတော့ ဒီဇာတ်ကားကို ကြယ်သုံးပွင့်အဆင့် သတ်မှတ်ပေးခဲ့ပါတယ်။ Emily နေရာက သရုပ်ဆောင်တဲ့ Jennifer Carpenter ကတော့ 2005 ခုနှစ် MTV ဆုပေးပွဲမှာကြာက်မက်ဖွယ်ရာ အကောင်းဆုံးသရုပ်ဆောင်ဆုကို ရရှိခဲ့ပါတယ်။The Exorcism Of Emily Rose က သင့်ကိုဖုန်းကနဲကြာက်သွားအောင်ခြောက်မှာ မဟုတ်ပါဘူး။ သည်အစားတစိမ့်စိမ့်တွေးရင်းကြာက်လာအောင်ပုလုပ်ပါလိမ့်မယ်။ သင်ယုံကြည်ခဲ့တဲ့အရာတွေကရော တကယ်ပဲ ယုံကြည်သင့်ပါရဲ့လားလို့မးခွန်းထုတ်လိမ့်မယ်။ သင်သချာမသိသေးတဲ့ဆေးပညာရှုထောင့်၊ မှုခင်းဆိုင်ရာရှုထောင့်၊ ဘာသာရေးရှုထောင့်၊ စတဲ့ရှုထောင့်အမျိုးမျိုးကနေ သင့်ကို ခေါင်းစားစေပါလိမ့်မယ်။ဒီရုပ်ရှင်ရဲ့ ဒါရိုက်တာ Scott Derrickson ဆိုတာကရော တခြားသူဟုတ်ပါရိုးလား။ အခု လာမယ့် ၂၀၁၆ ဝင်ဘာမှာ ရုံတင်မယ့် Doctor Strange ကို ရိုက်တဲ့သူပါပဲ။ သူ့ရဲ့ တခြားဇာတ်ကားလေးတွေကိုပြောရမယ်ဆို
GC မှာ တင်ခဲ့ဖူးတဲ့ Hellraiser: Inferno (2000) ၊ Keanu Reeves ပါတဲ့ The Day The Earth Stood Still(2008) ၊ Ethan Hawke ပါတဲ့ Sinister (2012) ၊ Eric Bana ပါတဲ့ Deliver Us From Evil (2014) တဲ့။ ကဲ ဒီလောက်ဆိုရင် ဒီဇာတ်ကားကို ဘာကြောင့်လက်မလွှတ်သင့်လဲ ကိုယ့်ဘာသာပဲ
ဆုံးဖြတ်လိုက်ပါတော့နော်။ရုပ်ရှင်အကျဉ်းကိုမှ သိချင်ရင်တယ်ဆိုရင်တော့အာက်က Synopsis လေးသာ ဖတ်ကြည့်တော့။ Spoiler Alert ဖြစ်သွားရင် တာဝန်မယူဘူးနော်။
အမ်မလီ ဆိုတဲ့ကျာင်းသူလေးတစ်ယောက် ရုပ်ပျက်ဆင်းပျက်သေသွားတယ်။ အစိုးရရှေ့နေကသဆုံးရခြင်းဟာ ဘုန်းတော်ကြီးကြောင့်လို့ စွဲချက်တင်တယ်။
ဆရာဝန်တွေကထာက်ခံတယ်။ ဘုန်းတော်ကြီးက မိန်းကလေးကိုသေအောင် ဘာနဲ့မှ မလုပ်ခဲ့ပါဘူးတဲ့၊ သည်အစား မသေအောင်တောင် ကူညီပေးခဲ့တဲ့အတွက် သူသတ်တယ်လို့ လုံးဝ ဝန်မခံပါဘူး။ဘုန်းတော်ကြီးဘက်ကနေ အမှုလိုက်ပေးရမယ့် အမျိုးသမီးရှေ့နေဟာ ဘာသာမဲ့ဖြစ်နေတယ်။ သူတကယ်ပဲ အမှုနိုင်အောင်လျှာက်လဲနိုင်ပါ့မလား။ ဘုန်းတော်ကြီးကြောင့် အမ်မလီ တကယ်သေဆုံးရတာလား။ နာနာဘာဝတွေက အမ်မလီသေဆုံးရလောက်အောင် ဘယ်လောက်များကြောက်မက်ဆိုးရွားဖို့
ကောင်းနေမှာလဲ။

0 comments:

Post a Comment