Rating : 7.5/10
Country : United State
Genre : Action, Drama, History
Cast : Pam Grier, Samuel L. Jackson, Robert Forster
Released Date : 2005
Duration : 2h 44min
အညွှန်း
ပါလက်စတိုင်းမြေကို ဂျူးတွေက သူတို့ဘိုးဘွားတွေပိုင်တဲ့ မြေဆိုပြီး ကျူးကျော်ဝင်ရောက် နေထိုင်တယ် ။ပါလက်စတိုင်းပြည်သူတွေဟာ သူတို့မြေကို ဖယ်ပေးလိုက်ရပြီး ဒုက္ခသည်စခန်းတွေမှာ လူမသိ သူမသိပဲ ၂၄ နှစ်တိတိ နေလိုက်ရတယ် ။နှစ်စဉ်နှစ်တိုင်း အစ္စရေးတွေကြောင့် ပါလက်စတိုင်းတွေ သွေးမြေကျတာ ဘယ်သူမှ မသိဘူး ။သူတို့ရင်ထဲမှာတော့ တစ်နေ့တော့ ပါလက်စတိုင်း နိုင်ငံတော်ကြီးပြန်လည်တည်ဆောက်ကြမယ့် အိပ်မက်တွေ ဆုပ်ကိုင်ထားတယ် ။ကမ္ဘာကြီးပေါ်က အမေ့အလျော့ခံ ပါလက်စတိုင်းတွေဟာ တစ်နေ့တော့ ဂျာမဏီနိုင်ငံမှာ ကျင်းပနေတဲ့ ၁၉၇၂ အိုလံပစ်ပွဲမှာ အစ္စရေး အားကစားသမားတွေကို ပြန်ပေးဆွဲပြီး သတ်ပစ်လိုက်ကြတယ် ။
လူတွေဟာ ပါလက်စတိုင်း ဒုက္ခသည်တွေကို ဂရုစိုက်မိအောင်ပေါ့ ။အစ္စရေးအစိုးရဟာ ချက်ချင်းပဲ ဂျူးမျိုးချစ်လူငယ် လူလေးယောက်ကို စေလွှတ်ခဲ့တယ် ။မြူးနစ်အိုလံပစ်အကြမ်းဖက်မှုရဲ့နောက်ကွယ်က လူ ၁၁ ယောက်ကို တိတ်တဆိတ် လုပ်ကြံသတ်ဖြတ်ဖို့ပေါ့ ။ဂျူးနဲ့ ပါလက်စတိုင်းဘယ်သူတွေဟာ ကမ္ဘာ့အလယ်မှာ တကယ် သနားဖို့ကောင်းလဲ ဆိုတာ ဒီရုပ်ရှင်ကပြသသွားတယ် ။တကယ်တမ်း တွေးစရာအချက်က ပါလက်စတိုင်းတွေဟာ တကယ်ပဲ အကြမ်းဖက် ခဲ့သလား ?ဂျူးတွေဟာ သူတို့နိုင်ငံ ပြန်ပေးရမှာကြောက်လို့ ပါလက်စတိုင်းတွေကို လူတွေ မုန်းပြီး အထင်လွဲအောင် သူတို့ကိုယ်တိုင်ပဲ တမင်တကာ ပြုလုပ်ခဲ့သလား?ဆိုတာတော့ စိတ်ဝင်စားစရာပါပဲ ။ကမ္ဘာ့အလယ်မှာ အထူးသဖြင့် မူဆလင်နိုင်ငံတွေရဲ့ အလယ်မှာ တစ်ကိုယ်တည်း ရပ်တည်ဖို့ဆိုတာ လှည့်ကွက်တွေ မျက်ရည်ခြူကွက်တွေ မပါပဲနဲ့တော့ ဘယ်နိုင်ငံကမှ အစ္စရေးနိုင်ငံဖြစ်လာဖို့ ထောက်ခံခဲ့မှာ မဟုတ်ဘူး ဆိုတာပါပဲ ။ဂျူးတွေကပဲ လုပ်ဇာတ်နဲ့ မျက်ရည် ခြူမလား?ပါလက်စတိုင်းတွေကပဲ တကယ်ဆိုးသလား ?ဆိုတာတော့ …. ဇာတ်ကားနဲ့မဆိုင်ပါဘူး ဒါ ကျနော့ အတွေး သက်သက်ပါ ။
0 comments:
Post a Comment