Jackie Brown (1997)


Rating : 7.5/10
Country : United State
Genre :   Crime, Drama, Thriller
Cast :   Pam Grier, Samuel L. Jackson, Robert Forster
Released Date : 1997
Duration : 2h 34min 


အညွှန်း
ဂျက်ကီဘရောင်းဆိုတဲ့ အမေရိကန်လေယာဉ်မယ်တစ်ဦးဟာ လစာသိပ်မကောင်းတဲ့လေကြောင်းလိုင်းမှာ အလုပ်လုပ်ရင်း လက်နက်မှောင်ခိုသမားတစ်ယောက်ရဲ့ မက္ကဆီကိုကသန်းတစ်ဝက်လောက်ရှိတဲ့ငွေတွေကို နည်းနည်းစီ ခွဲပြီး မှောင်ခိုသယ်ပေးနေခဲ့ပါတယ် ……
သူ့အတွက် အခက်အခဲ အနည်းငယ်လောက်သာရှိပြီး ငွေလေးလည်း မြိုးမြိုးမျက်မျက်ရလေတော့ ဂျက်ကီဘရောင်းအတွက် တကယ့်ကိုအဆင်ပြေနေတယ်…သူကူညီပေးနေတဲ့ လက်နက်မှောင်ခိုသမား ဟာ အနည်းဆုံး လူ ဆယ်ယောက်ခန့် သတ်ထားပြီးတော့ ပိုက်ဆံနဲ့ပတ်သက်ရင် လက်ရဲဇတ်ရဲ သတ်ဖြတ်တတ်သူပါ …ရဲတပ်ဖွဲ့ကလည်း ဘယ်သူမှန်းမသိသေးပေမယ့် အပူတပြင်းအလိုရှိနေတဲ့တစ်ယောက်ပေါ့ …….ဒီလက်နက်မှောင်ခိုသမားဟာ ရဲတွေကြားမှာ ဘယ်လိုအကွက်ရွှေ့ရမလဲသိသလိုအခက်အခဲကြုံလိုက်တိုင်းလည်း သွေးအေးအေးနဲ့ ဖြတ်သန်းတတ်သူပါ……အမှုလိုက်တဲ့ရဲတွေ မှောင်ခိုသမားတွေ လက်ရဲဇက်ရဲ လူသတ်သမားတွေနဲ့ဂျက်ကီဘရောင်းဆိုတဲ့လေယာဉ်မယ်အမျိုးသမီးတို့ ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ခံစားကြည့်လိုက်ပါဦး……ဇာတ်ကားတစ်ကားလုံး နှစ်နာရီခွဲ သုံးနာရီခန့်ကြာမြင့်သော်လည်း စိတ်ဝင်စားစရာအပြည့်နဲ့ဖြစ်တာတစ်ကြောင်း ကြည့်ရှုသူပရိသတ်ပါ ဉာဏ်ကစားနိုင်အောင် မြှုပ်ကွက်လေးတွေနဲ့ရိုက်ထားတဲ့ကားဖြစ်လို့ ထိုင်ရာကမထချင်အောင် စွဲဆောင်မယ့် ဇာတ်ကားဖြစ်တဲ့အပြင်
• နာမည်ကြီးသရုပ်ဆောင်တွေဖြစ်ကြတဲ့Pam Grier
• Samuel L. Jackson
• Robert Forster
• Bridget Fonda
• Michael Keaton
• Robert De Niro
တို့ကလည်း အပိုအလိုမရှိ ကျရာနေရာကနေပါဝင်သရုပ်ဆောင်ထားကြလို့ အော်စကာအပါအဝင် ဆု ၂၂ ဆု ဇကာတင်ပြီ
း ဆု ၈ ဆုရရှိထားတာဆိုတော့ ကြည့်ရတာ တကယ်တန်မယ့်ဇာတ်ကားကြီးပါ…


 

0 comments:

Post a Comment