Rating : 6.9/10
Country : United State
Genre : Comedy, Drama
Cast : Anne Hathaway, Meryl Streep, Adrian Grenier
Released Date : 2006
Duration : 1h 49min
အညွှန်း
ဒီကားကို ခင်ဗျားတို့ ကြည့်ဘူးရင်လည်း ကြည့်ဘူးမယ်။ မကြည့်ဘူးရင်လည်း ကြည့်ကြပါလို့တိုက်တွန်းချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ကာ… မဝတ်တတ်မစားတတ်နဲ့ ပညာတစ်ခုတည်းကိုပဲအားကိုးတဲ့ Anne Hathaway တစ်ယောက် ကမ္ဘာကျော် ဖက်ရှင် မဂ္ဂဇင်းကြီးရဲ့ အယ်ဒီတာချုပ်ဆီမှာ အတွင်းရေးမှူးအဖြစ်အလုပ်ရသွားတဲ့အခါ.. ဖက်ရှင်မဂ္ဂဇင်းပါဆိုမှ ရုံးတစ်ခုလုံးမှာ ဖက်ရှင်မကျဆုံးက Anne ပဲဖြစ်ပါတယ်။ အလုပ်အသစ်တို့ရဲ့ထုံးစံအတိုင်း အံဝင်ခွင်ကျကလည်းမရှိ ဒါ့အပြင် အတွင်းရေးမှူးဖြစ်နေတော့ ကိုယ့်သူဌေးရဲ့ အကြိုက်ကိုလည်း ရုတ်တရက်နားမလည် တိုင်တွေပတ်ရတာပေ့ါ။
သူ့ခင်ဗျာ နေ့တိုင်းအလုပ်ထွက်ချင်စိတ်ကိုထိန်းပြီး ကမ္ဘာကျော် မဂ္ဂဇင်းမှာလုပ်နေရတယ်ဆိုတာနဲ့ပဲ စိတ်ဖြေခဲ့ရတယ်။ဒါပေမယ့် ဒါဟာလည်း အဖြေမဟုတ်ပြန်ပါဘူး။ အလုပ်မှာအခက်အခဲ တစ်ခုကြုံလာတိုင်း ညည်းပြတတ်ကြတာ လူတိုင်းရဲ့ သဘာဝပါ။ သူဌေးက ဆူလို့မျက်ရည်ကျတယ်၊ ငါ့ကိုပဲ အပြစ်ပြောနေတယ် ကောင်းတာကျတော့မပြောဘူးဆိုပြီး စိတ်ညစ်နေမယ်ဆိုရင်တော့ ကိုယ်ဟာဒီအလုပ်ကို အမှန်တစ်ကယ်စိတ်ဝင်စားမှု၊ ဆာလောင်မှု မရှိဘူးလို့သတ်မှတ်ရပါမယ်။ ကိုယ့်အထက်လူကြီးက ဒီလိုမျိုးအပြစ်ပြော၊ တွန်းအားပေးနေတာက သူ့အလုပ်ပဲမဟုတ်လား။ အလုပ်မှာ အံဝင်ခွင်ကျဖြစ်လာအချိန်တွေကျတော့ ဘာဖြစ်လဲ? ခင်ဗျားတို့ အားလုံးသိတဲ့အတိုင်းပဲ ကိုယ်နဲ့ နီးစပ်ရာ ဝန်းကျင်တွေကပါ ပြောင်းလဲလာခဲ့တယ်။ ကိုယ့်သူငယ်ချင်း၊ ချစ်သူ၊ ရည်းစားကို အချိန်တွေ မပေးနိုင်တော့ဘူး။ Social တွေအတော်လေးပျက်လာတယ်။ ဒါဟာ အလုပ်အတွက် အရမ်းကောင်းပေမယ့် ကိုယ့်တစ်ကိုယ်ရေ တစ်ကာယအတွက်ကတော့ လုံးဝဆိုးကျိုးကြီးတစ်ခုပါ။ ဒီ သင်ခန်းစာတွေအကုန်လုံးကို Devil Wears Prada က သင်ပေးသွားပါတယ်။ ကျွန်တော်တို့ တွေနေ့စဉ်ဘဝဖြတ်သန်းမှုမှာ ရွေးချယ်စရာအခွင့်အရေးတွေရှိနေပေမယ့် မရွေးချယ်ပဲ ထားခဲ့တဲ့အချိန်တွေရှိခဲ့တယ်။ ဂုဏ်ပစ္စည်း၊ ပိုက်ဆံကိုမက်မောလို့ ကိုယ်စိတ်မဝင်စားတဲ့ အလုပ်ကိုလုပ်ခဲ့ရတဲ့ အချိန်တွေရှိတယ်။ လစာတွေ ဒလဟောရနေပေမယ့် သုံးဖို့အချိန်မရှိဖြစ်ခဲ့ဘူးမယ်။ အလုပ်မှာလည်း ငိုကောင်းငိုခဲ့ရဘူးမယ်။ ဒါတွေက ကိုယ့်ရဲ့ ရွေးချယ်မှုပဲမဟုတ်လား… အဲတော့ The Devil Wears Prada ကိုကြည့်ပါ။ Anne Hathaway နဲ့ Meryl Steep တို့အားပြိုင်တာကိုကြည့်ရမှာဖြစ်သလို လုပ်ငန်းခွင်နဲ့ပတ်သက်ပြီး သင်ခန်းစာကောင်းကောင်းလည်းရသွားပါလိမ့်မယ်။
0 comments:
Post a Comment