Zathura: A Space Adventure (2005)



Rating : 6.2/10
Country : United State
Genre : Action, Adventure, Comedy 
Cast : Josh Hutcherson, Jonah Bobo, Dax Shepard 
Released Date : 2005
Duration : 1h 41min

အညွှန်း
လက်ရှိမှာ Jumanji: The Next Level က အတော်လေး အောင်မြင်နေပါတယ်။ ဇာတ်လမ်းကလည်း ကောင်းသလို သရုပ်ဆောင်တွေနဲ့ ဖန်တီးတဲ့သူတွေဟာလည်း တကယ်ကို တော်ကြပါတယ်။ ထိုနီးတူ ရှေ့က ထွက်ခဲ့တဲ့ Jumanji နဲ့ Jumanji: Welcome to the Jungle တို့လည်း အောင်လည်း အောင်မြင်ခဲ့သလို ကောင်းလည်း ကောင်းပါတယ်။ ကောင်းပေမယ့် သိပ်မအောင်မြင်လိုက်တဲ့ ဇာတ်ကားတစ်ကားတော့ ရှိခဲ့တယ်ဗျ။ဇာတ်ကား နာမည်ကတော့ Zathura: A Space Adventure ပါ။ ကျနော် အပေါ်မှာ ပြောခဲ့သလို ကောင်းပေမယ့် သိပ်မအောင်မြင်လိုက်တဲ့ ဇာတ်ကားတစ်ကားပါ။ Jumanji Spin-off ပုံစံမျိုး ထွက်ထားတာပါ။ Jumanji ရဲ့ Universe ထဲမှာပဲ ရှိနေတယ် ဒါပေမယ့် Jumanji နဲ့ ဆက်စပ်မှုတော့ မရှိဘူဆိုတဲ့ ပုံစံမျိုးပါ။ ဒါက ရုပ်ရှင်ကို မူရင်းစာအုပ်နဲ့ မတူစေတဲ့အချက်ပါ။ မူရင်းစာအုပ်မှာက Jumanji နဲ့ တိုက်ရိုက် ချိတ်ထားတာလေးတွေ ရှိပေမယ့် ရုပ်ရှင်မှာတော့ ရှိမနေပါဘူး။ထုတ်လုပ်ရေးဖြစ်တဲ့ Sony က ဒီဇာတ်ကားက Jumanji Franchise ရဲ့ ဒုတိယမြောက်ဇာတ်ကားလို့ ဆိုထားပေမယ့် ဒီဇာတ်ကားရဲ့ ဒါရိုက်တာကတော့ ဒီအဆိုကို ကန့်ကွက်ခဲ့ပါတယ်။ ဒါနဲ့ ဒါရိုက်တာဆိုလို့ ဒီဇာတ်ကားရဲ့ ဒါရိုက်တာက MCU ထဲက Peter ရဲ့ ဦးလေးလောင်းလျာကြီး Happy တစ်ဖြစ်လည်း Iron Man, Iron Man 2 နဲ့ The Lion King တို့ရဲ့ ဒါရိုက်တာ Jon Faverau ပဲ ဖြစ်ပါတယ်ဗျာ။ဒီဇာတ်ကားရဲ့ plot ကိုပြောပါဆိုရင် Walter နဲ့ Danny ဆိုတဲ့ ညီအကို နှစ်ယောက်ရှိတယ်ဗျာ။ မတည့်အတူနေလေး နှစ်ယောက်ပေါ့။ သူတို့မှာ အမတစ်ယောက်လည်း ရှိတယ်။ ဒါပေမယ့် အမက ဆယ်ကျော်သက်လေးဆိုတော့ သူတို့ကို သိပ်ဂရုမစိုက်ဘူး။ သူ့ဟာသူပဲ နေတတ်တယ်။ အဖေနဲ့ အမေကလည်း ကွာရှင်းထားကြတာ။ အဖေ့ဆီမှာ တစ်လှည့် အမေ့ဆီမှာ တစ်လှည့်နေကြရတာ။ တစ်ရက် Zathura ဆိုတဲ့ အာကာသ Board Game တစ်ခုကို ဆော့မိရာက အိမ်ကြီးတစ်ခုလုံးကလည်း အာကာသထဲမြောသွားရာကနေ မတည့်အတူနေ ညီအကိုနှစ်ယောက် ဘယ်လိုဆက်ပြီး နှစ်ပါးသွားကြမလဲ ဆိုတာကို ကြည့်ကြရမှာပါ။ Family Movie လို့တောင် ပြောလို့ရတာမို့ Christmas ကာလမှာ မိသားစုနဲ့ ကြည့်လို့ကောင်းတဲ့ ဇာတ်ကားလို့ ညွှန်းလိုက်ပါဦးမယ်။ဆိုတော့ ဆက်ရအောင်။ ဒီဇာတ်ကားက Space Adventure ဆိုတော့ မျက်လုံးထဲပဲ မြင်ကြည့်ဗျာ CGI ဘယ်လောက် သုံးလိုက်ရမလဲဆိုတာ။ ဒါပေမယ့် တစ်ခုရှိတာက အဲ့အချိန်က CGI ဒီလောက် ကောင်းသေးတာ မဟုတ်ဘူး။ 2005 ကာလလောက်ဆိုတော့ CGI တွေကလည်း Ps2 ဂိမ်းထဲက Graphic သာသာလောက် ရဦးမယ့် အချိန်။ ဒါပေမယ့်လည်း CGI မသုံးဘူး မဟုတ်ဘူး။ ဇာတ်လမ်းကျောရိုးအရ သုံးခဲ့ရတယ်။ လိုတာထက်တော့ လျော့သုံးခဲ့တယ်။Jon Faverau က CGI ထက် practical effects တွေကို ပုံသုံးချင်ခဲ့တယ်။ ဒါကြောင့်မို့ တကယ့်စက်ရုပ်တွေ၊ တကယ့် ဂြိုဟ်သား suit တွေ၊ အစောပိုင်း Star Wars ရုပ်ရှင်တွေမှာ သုံးတဲ့ ရိုက်ကူးရေး Spaceship တွေကို ထည့်သုံးခဲ့ပါတယ်။ဒီလို သုံးခြင်းအားဖြင့် သရုပ်ဆောင်တွေရဲ့ သရုပ်ဆောင်မှု ပိုပြီး ရုပ်လုံးကြွစေလို့ပါတဲ့။Production Budget က $65 Million သုံးခဲ့ပေမယ့် ရုံတင်ဝင်ငွေမှာတော့ $64.3 Million သာ ပြန်ရခဲ့ပါတယ်။ ဝေဖန်ရေးဈရာတွေဆီက မှတ်ချက်ကောင်းတွေ ရခဲ့ပေမယ့်လည်း Harry Potter and the Goblet of Fire နဲ့ ရုံတင်တဲ့ကာလ သွားတိုက်နေခဲ့တဲ့အခါမှာ လူသိပ်မသိလိုက်ဘဲ flop ဖြစ်သွားခဲ့ပါတယ်ဗျာ။ ဘာပဲဖြစ်ဖြစ် ဒီဇာတ်ကားက ကောင်းတယ်လို့ ပြောလို့ရတဲ့ အနေအထား တစ်ခုမှာ ရှိနေသလို မကြည့်ဖူးရင်၊ Jumanji ရှေ့နှစ်ကားနဲ့ အခု ရုံတင်နေတဲ့ Jumanji: The Next Level ကြည့်ပြီးရင်/ကြည့်ဖို့စဉ်းစားထားရင် သင့်အနေနဲ့ ကြည့်ကြည့်သင့်တယ်လို့ ညွှန်းလိုက်ပါရစေဗျာ။ Jumanji နဲ့ ခပ်ဆင်ဆင်ပေမယ့် ကြည့်ရတဲ့အရသာချင်း တူမှာ မဟုတ်ပါဘူး။

0 comments:

Post a Comment