Black (2005)


Rating : 8.2/10
Country : India
Genre :  Drama 
Cast :  Amitabh Bachchan, Rani Mukerji, Shernaz Patel
Released Date : 2005
Duration : 2h 2min 





အညွှန်း

Drama မင်းသားကြီး အမီတာဘဂျမ်း ပါဝင်​သရုပ်​​ဆောင်​ထားတဲ့BLACK ကားဟာဆိုရင်​ ညီမတို့​တွေ ဆယ်​တန်​းတုန်​းက သင်​ခဲ့ရတဲ့Hellen Keller ရဲ့ ဇာတ်​လမ်​းကို ပြန်​လည်​စိတ်​ကူးယဉ်​ပြီး ရိုက်​ကူးထားခြင်​းဖြစ်​ပါတယ်​


ဒီဇာတ်​လမ်​းဟာ 2005 အိန္ဒိယနိုင်​ငံ ရုပ်​ရှင်​​လောကမှာ ဒုတိယဝင်​​ငွေအ​ကောင်​းဆုံးကားတစ်​ကားအဖြစ်​ ရပ်​တည်​ခဲ့ပြီး2006 ရုပ်​ရှင်​ပွဲ​တော်​မှာလည်​း အ​ကောင်​းဆုံး အမျိုးသား အမျိုးသမီး ဇာတ်​​ဆောင်​ဆု၊ ဇာတ်​ပို့ဆုနဲ့ အ​ကောင်​းဆုံးရုပ်​ရှင်​ဆု​တွေကိုလည်​း ရရှိခဲ့တယ်​


နိုင်​ငံတကာထိပါ ဆု​တွေရပြီး ​အောင်​မြင်​မှု​တွေရခဲ့​တဲ့ ဇာတ်​လမ်​း​ကောင်​းတစ်​ပုဒ်​ပါပဲ


ထူးခြားချက်​က​တော့ ပုံမှန်​ Bollywood ကား​တွေလို သီချင်​းဆိုပြီး ကတဲ့အခန်​း​တွေ မပါတာပါ


မက်​ဂ်​နယ်​လီ မိသားစုရဲ့ သမီးအကြီးဆုံး​လေး မီရှဲလ်လေး (Rani Mukerj) လူမမယ်​အရွယ်​​လေးမှာအပြင်​းအထန်​ဖျားနာပြီး အကြားအာရုံ​ဆုံးရှုံးပြီးမျက်​စိကွယ်​သွားခဲ့ပါတယ်​


မီရှဲလ်​ရဲ့ ဘဝဟာ ဘယ်​အရာကိုမှ မမြင်​ဖူးမကြားဖူးပဲဘာသံမှမကြားရတဲ့အ​မှောင်​ထုကြီးထဲမှာ အဓိပ္ပါယ်​မဲ့ အသက်​ရှုင်​​နေရတဲ့ဘဝ

မိဘ​တွေကလည်​း ဒီလို Deaf-Blind က​လေးတစ်​​ယောက်​ကို ဘယ်​လိုပြုစုရမယ်​ဆိုတာ မသိပဲ မီရှဲလ်​ကို ရူး​နေတယ်​ထင်​ပြီးစိတ်​ကျန်​းမာ​ရေး​ဆေးရုံကို ပို့ဖို့​တောင်​ ကြံ​နေကြပါတယ်​


အဲ့ဒီအချိန်​မှာ ​နောက်​ဆုံး​မျှော်​လင်​့ချက်​အ​နေနဲ့ မီရှဲလ်​​လေးကိုသင်​​ပေးဖို့ ဆွံ့အနားမကြား​ကျောင်​းကဆရာတစ်​​ယောက်​ဖြစ်​တဲ့ မစ္စတာဆာဟန်​ ကိုငှါးရမ်​းလိုက်​ပါ​တော့တယ်​


ဘာသံမှမကြားဖူး​တော့ စကားဘယ်​လို​ပြောရမယ်​ဆိုတာ​တောင်​မသိပဲအပြုအမူ​တွေကအရမ်​းရိုင်​းစိုင်​းကြမ်​းတမ်​း​နေတဲ့ မီရှဲလ်​ကို အမီတာဘဂျမ်​းတစ်​​ယောက်​ ဘယ်​လိုကြိုးစားပြီး ပြုပြင်​မလည်​း


သာမာန်​လူ​တွေတက်​တဲ့ တက္ကသိုလ်​ကို တက်​ခွင်​့ရ​အောင်​ မီရှဲလ်​ဘယ်​လိုကြိုးစားမလည်​း


အဲ့ဒီ့အချိန်​မှာပဲ ဆရာဆာဟန်​က အယ်​လ်​ဇိုင်​းမား​ရောဂါဝင်​ပြီး အရာအားလုံးကို​မေ့သွားတဲ့အချိန်​မှာ မီရှဲလ်​တစ်​​ယောက်​ သူ့ဆရာကို ဘယ်​လိုကယ်​မလည်​းဆိုတာ


ဆရာတပည်​့နှစ်​​ယောက်​ရဲ့ ​အောင်​မြင်​မှု​တွေကိုရသ​ပေါင်​းစုံနဲ့ကြည်​့ရှုရမှာဖြစ်​လို့ BLACK ကား​လေးကို ညွှန်​း​ပေးလိုက်​ပါတယ်​​နော်​

 

0 comments:

Post a Comment