Hello! (2017)


 

Rating : 7.2/10
Country : India
Genre :   Action, Romance
Cast :  Akhil Akkineni, Kalyani Priyadarshan, Jagapathi Babu
Released Date : 2017
Duration : 2h 11min 




အညွှန်း

သင်ဟာ လူငယ်ဆန်ဆန်နဲ့ အချစ်အလွမ်း အကြမ်း ရသစုံ ကြိုက်တတ်တဲ့သူဆိုရင်ဒီကားလေးကို ကြည့်သင့်ပါတယ်


ဒီနှစ်ပိုင်းထွက်ရှိတဲ့ South Indian Romance Action ကားတွေထဲမှာ ဒီကားလေးကို ကျွန်တော်အကြိုက်ဆုံးပါ. . .


မနက် 7:30 အချိန်ကို ရောက်တိုင်း ကောင်လေးတစ်ယောက် ကရစ်ရှ်နားမီးပွိုင့်နားက ခုံတန်းလေးမှာ လာထိုင်တတ်တယ်.


သူ ့မျက်နှာဟာ လွမ်းရိပ်သန်းနေတယ်


တစ်စုံတစ်ခုကိုဖွေရှာနေတဲ့ ရီဝေဝေမျက်ဝန်းတစ်စုံနဲ့. . .


အဲ့ဒိ်အချိန် ရုတ်တရတ် သူ ့ဆီကို ဖုန်းဝင်လာလို့ ကောက်ကိုင်လိုက်တယ်


Call Taxi လို့ခေါ်တဲ့ ဖုန်းဆက်ခေါ်လို့ရတဲ့ တက္ကစီဒရိုင်ဘာတစ်ယောက်ဆီက. . .


သူတက္ကစီခေါ်ထားလို့ ဖုန်းဆက်တာဖြစ်တဲ့အကြောင်း ဟိုဘက်က ပြောတယ်သူကလည်း သူမခေါ်ထားကြောင်း ပြန်ရှင်းပြတယ်. . .


ရုတ်တရတ်. . .အဲ့ဒ်ီရုတ်တရတ် ခဏလေးမှာ. . .ဖုန်းပြောနေရင်းဖုန်းထဲက တစ်စုံတစ်ခုကို သူကြားလိုက်တယ်. . .


သူဟိုးငယ်စဉ်ကတည်းက စွဲလန်းတသ ဖြစ်ခဲ့ရတဲ့ အသံလေး. . .


ရိုးသားဖြူစင်လွန်းလှတဲ့ ကလေးဘဝမှာ သူကြားဖူးခဲ့တဲ့ အသံလေး. . .


သူကိုယ်တိုင် ဖန်တီးထားတဲ့ သံစဉ်တစ်ခု. . .တစ်စုံတစ်ယောက်ရဲ့ တယောကနေလှလှပပလေး ခုန်ပေါက်ဆတ်ဆော့ပြီး ဖြည်းဖြည်းညင်းညင်းနဲ့ ငြိမ့်ငြိမ့်လေး ထွက်ပေါ်လာနေတာဟုတ်ပါရဲ့. . .


ဒီအသံလေးနားစွင့်ရင်းသူဟာ အတိတ်ကို တဒင်္ဂပြန်ရောက်သွားတယ်. . .


ကြာခဲ့ပြီ တိတိကျကျဆိုရရင် 14 နှစ်ရှိခဲ့ပြီ. . .တစ်စုံနစ်ခုကို သူ့နှလုံးသားထဲကနေမျှော်လင့်တောင့်တရင်းနဲ့ ရှင်သန်နေခဲ့ရတာ

14 နှစ်တောင် ရှိခဲ့ပြီပဲ. . .. . .


ဇာတ်လမ်းသွားကိုတော့ အဲ့ဒီလိုလေး စထားတယ်. . .


ဟိုးအထက်မှာ ပြောခဲ့သလိုပဲ. . .


ရသစုံပါဝင်ပြီး တမေ့တမောခံစားရလောက်တဲ့အထိကို ဇာတ်လမ်းဟာ ညှို့ယူဖမ်းစားနိုင်လွန်းပါတယ်. . .


အချစ်ကား အကြည့်နည်းတဲ့ကိုယ်တောင်ဇာတ်လမ်းဆုံးတော့ ကြည်နူးတာလား


ဝမ်းနည်းတာလား အမျိုးအမည်မသိတဲ့ ခံစားချက်နဲ့ကိုယ့်ကိုကိုယ် သတိထားမိချိန် ပါးပြင်မှာ မျက်ရည်တွေ စီးကျနေပါပြီ. . .

0 comments:

Post a Comment