Raazi (2018)


 

Rating : 7.8/10
Country : India
Genre :   Action, Drama, Thriller
Cast : Alia Bhatt, Vicky Kaushal, Rajit Kapoor
Released Date : 2018
Duration : 2h 18min 




အညွှန်း

ဒီအချိန်မှာ ဒုတိယမြောက် RT 100% အပြည့်ရတဲ့ နောက်တစ််ကားနဲ့ ပရိတ်သတ်ကြီးကို မိတ်ဆက်ပေးပါရစေ။ Raazi ဒီကားမထွက်ခင်ကတည်းက ဒါရိုက််တာက Talvar(2015)ကိုရိုက်ထားတဲ့ Meghna Gulzar ဆိုတော့ အရမ်းကိုစိတ်ဝင်စားခဲ့တာအလီယာကိုကြိုက်တာကလည်း တကြောင်းကြောင့်ဒီကားလေးကို ဒီမှာရုံတင်မလားလို့ မျှော်လင့်ခဲ့ရပေမယ့်လည်းဇာတ်လမ်းလေးကတော့ 1971 ခုနှစ် အန္ဒိယ-ပါကစ္စတန်စစ်ပွဲကာလမှာ အိန္ဒိယကို အဖက်ဖက်ကကူညီပေးခဲ့တဲ့ သူလျို၊ စုံထောက်များစွာရှိခဲ့ပါတယ်။ အဲဒီထဲမှှာ ပါကစ္စတန်ကို သတင်းပေးတဲ့ပုံစံံနဲ့ အိန္ဒိယရဲ့သူလျို ဟေဒါယက်ခန်းလည်း အပါအဝင်ပါ ဟေဒါယသ်ကဘယ်လောက်ထိ အရည်ချင်းရှိလဲဆိုရင် ပါကစ္စတန်တပ်မတော်ကဗိုလ်ကြီး ဆိုင်ယစ်(ဒ်)နဲ့ပါ မိတ်ဆွေတွေဖြစ်နေတဲ့အထိပါ။ သူ့ကျန်းမာရေးကြောင့် နောက်ဆုံးသူမစွမ်းဆောင်နိုင်တော့တဲဲ့တာဝန်တစ်ခုကို သူ့သမီးဖြစ်သူ ဆဲ(ဟ်)မသ်ကို ပေးအပ်ခဲ့ပါတယ်။


ဒါပေမဲ့ ဖခင်တစ်ယောက်အနေနဲ့ သမီးကိုဒီအလုပ်ခိုင်းလို့ဖြစ်ပါ့မလားဆိုပြီး ဒွိဟဖြစ်နေပြန်ပါတယ်။ "တိုင်းပြည်ထက်အရေးကြီးတာ ဘာမှမရှိဘူး ကိုယ်ကိုယ်တိုင်လည်း မပါဘူး " အသက် ၂၀ ကျော်အရွယ်မိန်းကလေးတစ်ယောက်က ဒီလိုပြန်ဖြေပြီး အိန္ဒိယအတွက်် ပါကစ္စန်မှာသွားနေကာ သူလျိုလုပ်ပေးခဲ့ပါတယ်။ ဗိုလ်ကြီး ဆိုင်ယစ်(ဒ်)ရဲ့သားအငယ် အစ်ဗလ်နဲ့ လက်ထပ်ပြီး အိန္ဒယသူအဖြစ်ကနေ ပါကစ္စတန်သူအဖြစ် ပြောင်းလဲကာ တိုင်းပြည်အတွက် သူလျိုလုပ်ပေးခဲ့ပါတယ်။ သူလျိုတစ်ယောက်ဖြစ်ဖို့ ခက်ခဲတဲ့လေ့ကျင့်ခန်းတွေဆင်းရ ကိုယ့်မိဘ၊ အမိမြေနဲ့ခွဲကာ ပါကစ္စတန်မှာနေရ တစ်ခါမှမဖြင်ဖူးမတွေ့ဖူးတဲ့လူနဲ့ လက်ထပ်လိုက်ရတဲ့ ဆဲဟ်မသ်ရဲ့ ဖြစ်ရပ်မှန်ဘဝဇာတ်ကြောင်းကို အမှန်အကန်တင်ဆက်ပေးထားလို့ကြည့်ဖြစ်အောင်ကြည့်လိုက်ဖို့ တုုိက်တွန်းပါရစေ တကယ့်ကို Biography, Thriller တစ်ကားပြီပြီ ရင်တမမနဲ့ ဘောလီဝုဒ်ရဲ့ ထိပ်တန်း စုံထောက်ကားတစ်ကားလည်း ဖြစ်ပါတယ်။

0 comments:

Post a Comment