အိန္ဒိယသရဲကား သဘာဝမင်းသားကြီး Nawazuddin Siddiqui ပါဝင်တဲ့ သဲထိတ်ရင်ဖိုကားဟောင်းလေးတစ်ကားကို ညွှန်းချင်ပါတယ်။ Rating ကတော့ 3.7 ပါ ဟုတ်ပါတယ် အတော်နည်းတဲ့ rating ပါ။ ဒါပေမယ့် ဖြစ်သင့်ပါတယ် မင်းသားချောချောလဲမပါ သရဲကားလဲ ဖြစ်ပြန်တော့ ဒီလောက်ပဲရမှာပေါ့။ ကျွန်တော့်ကတော့ ရုပ်ရှင်ကြည့်ရင် rating ကို ဦးစားပေးကြည့်လေ့မရှိတော့ ကိုယ့်စိတ်ထဲအကြိုက်တွေ့တာကိုပဲ ညွှန်းရမှာပါပဲ။ ဒီဇာတ်ကားလေးရဲ့ပုံစံက Conjuring ရုပ်ရှင်နဲ့ နည်းနည်းဆင်တယ်လို့ခံစားရပေမယ့် အရှေ့တောင်အာရှ အယူအဆတွေအများကြီးပါဝင်တော့ ကျွန်တော့်အနေနဲ့ ဒီကားလေးကို ပိုသဘောတွေ့မိပါတယ်။ ဇာတ်လမ်းပုံစံလေးကတော့ တစ်ကိုယ်ရည်မိခင်တစ်ယောက်ရဲ့ သမီးငယ်လေးကို သဘာဝလွန်မကောင်းဆိုးဝါးတစ်ယောက်က အပိုင်စီးဖို့ ကြိုးစားတဲ့ရန်ကနေ ကာကွယ်ရတဲ့ မိခင်တစ်ဦးရဲ့ အဖြစ်ကို သဲထိတ်ရင်ဖိုဆန်ဆန်လေး ရိုက်ပြထားတာပါ။ အိန္ဒိယကားထုံးစံအတိုင်း ဒရမ်မာချိုးတဲ့နေရာလေးမှာ အိုဗာဖြစ်သလို ခံစားရတာကလွဲရင် အတော်လေး မိုက်တဲ့ကားပါ။ အဓိကကတော့ ကျွန်တော် စစချင်းမှာ ပြောခဲ့တဲ့ သဘာဝမင်းသားကြီး Nawazuddin Siddiqui ရဲ့ သရုပ်ဆောင်မှုတွေပါ။ Nawazuddin Siddiqui ဆိုတာက အိန္ဒိယလို မင်းသာဆိုချောမှ နာမည်ကြီးတယ်ဆိုတဲ့နေရာမျိုးမှာ သူ့ရဲ့ အသားမည်းမည်း သွားကျဲကျဲ ပိန်လှီပြီး အရပ်ပါပုတဲ့ ရုပ်ဆင်းအင်္ဂါနဲ့ မလိုက်အောင် သရုပ်ဆောင်ပိုင်းဆိုင်ရာမှာ သဘာဝနဲ့အနီးစပ်ဆုံးဖြစ်အောင် အပိုအလိုမရှိ ပညာခန်းပြနိုင်သူတစ်ဦးပါ။ ဒါကြောင့် ဒီကားလေးရဲ့ အသက်ကိုပြောရရင်တော့ မင်းသားကြီး Nawazuddin Siddiqui ပါပဲဗျာ။ နောက်ဆုံးအပိတ်လေးပြောရရင်တော့ မင်းသမီးက ကလေးမအေ ဇာတ်ရုပ်နဲ့ မလိုက်ဖက်လောက်အောက် ဆက်ဆီကျလွန်းနေတာပါပဲ
Aatma (2013)
Rating : 3.8/10
Country : India
Genre : Drama, Horror, Thriller
Cast : Jaideep Ahlawat, Bipasha Basu, Padam Bhola
Released Date : 2013
Duration : 1h 34min
အညွှန်း
0 comments:
Post a Comment