အခုတစ်ခါတင်ဆက်ပေးမယ့်ဇာတ်ကားလေးကတော့
ယောကျာ်းသားများအတွက်ရည်ရွယ်ပြီး
တင်ဆက်ပေးလိုက်တဲ့ပညာပေးကားလေး ပါ
အခုခေတ်ကြီးမှာ မိန်းမတွေဟာ အားနွဲ့သူတွေမဟုတ်ကြတော့ပါဘူး သူတို့ရဲ့အော်သံတစ်ချက်ဟာ
ယောကျာ်းတွေအတွက်တော့ ဘဝကြီးတစ်ခု
ဖြစ်သွားနိုင်လို့ပါပဲ ဒီတော့ ယောကျာ်းသားတွေအနေနဲ့
စွပ်စွဲခံရရင်တောင် ဘယ်လိုအထာကျကျ ဖြေရှင်းကြမလဲ
ဆိုတာကို ဒီကားထဲမှာ ကြည့်လိုက်ကြရအောင်
ဇာတ်လမ်းအကျဉ်းကတော့
ထိပ်တန်း ကြော်ငြာအေဂျင်စီတစ်ခုရဲ့
CEO ဖြစ်တဲ့ ရာဟူးဗာမာ ဟာ
အရည်အချင်းရှိတဲ့လူငယ်တွေကို ပျိုးထောင်ပေးရာမှာ
အလွန်ကျော်ကြားသူပါ
မာယာ ဆိုတဲ့ အမျိုးသမီးဟာလည်း
သူ ပျိုးထောင်သင်ကြားပေးရင်းကနေမှ
လုပ်ငန်းပိုင်ဆိုင်ရာမှာ အတော်အတန်ကျွမ်းကျင်သူ
တစ်ယောက် ဖြစ်လာပါတယ်
သူတို့နှစ်ဦးဟာ တွဲဖက်ညီစွာ အလုပ်လုပ်ကိုင်ရင်း
အောင်မြင်မှုတွေအတူတူရယူနိုင်ခဲ့ကြပါတယ်
ဒါပေမဲ့လည်း အခြေအနေအရပ်ရပ်ကြောင့်
နှစ်ယောက်သားကြားမှာ
သဘောထားကွဲလွဲမှုတွေ ရှိလာတဲ့အခါမှာတော့
ရာဟူးက သူ့ကိုမဖွယ်မရာပြုမူပါတယ်ဆိုပြီး
မာယာက တိုင်တန်းပါတော့တယ်ကုမ္ပဏီဘက်ကတော့
ကော်မတီဖွဲ့ပြီး D.E စစ်ဆေးပါတယ်
သူတို့အရေးကိစ္စကိုဖြေရှင်းဖို့ကြိုးစားပေးတဲ့အခါမှာ
အမှန်တကယ်အပြစ်ရှိသူက ဘယ်သူဖြစ်မလဲဆိုတာကို
ဇာတ်လမ်းကြည့်ရှုရင်း အဖြေဖော်ထုတ်ကြရအောင်ဗျာ
0 comments:
Post a Comment