Elite Squad: The Enemy Within (2010)


 

Rating : 8.0/10
Country : United State
Genre : Drama, Action, Crime
Released Date : 2010
Duration : 1h 55min

အညွှန်း

ဘန်ဂူးဝမ်းစစ်ဆင်ရေးကြောင့် ဖြစ်လာတဲ့အကျိုးဆက်ကို တာဝန်ယူရတဲ့ အနေနဲ့ မာရှီယာဟာ ရာထူးကျသွားပြီး နာစီမန်တို ကတော့ ပြည်သူ့လုံခြုံရေးဌာနရဲ့ တွဲဖက်အတွင်းရေးမှူး ဖြစ်လာပါတယ်။

နာစီမန်တို က ရာထူးတိုးသွားတော့ မာရှီယာ ဟာ သစ္စာဖောက်ခံလိုက်ရသလို ခံစားလိုက်ရပြီး အကျင့်ပျက်ရဲ ဖာဘီယို နဲ့ ပြန်ပေါင်းမိသွားပါတယ်။ သူတို့တွေ တန်ကွီးရပ်ကွက်ကို စီးနင်းဝင်ရောက်ချိန်မှာ မာရှီယာ ဟာ ကိုယ့်လူချင်းချင်းရဲ့ လုပ်ကြံတာကိုခံလိုက်ရပြီး သေဆုံးသွားခဲ့ပါတယ်။

မာရှီယာရဲ့သေဆုံးမှုကို ဖော်ထုတ်ရင်း နာစီမန်တို ဘာကိုတွေ့ရှိလာမလဲ။
ဆန္ဒမဲအတွက် လူ့အသက်ကိုတောင် စတေးတဲ့ နိုင်ငံရေးသမားတွေ နဲ့ အကျင့်ပျက်ရဲတွေရဲ့ ဆင်းရဲသားတွေအပေါ် မရမက ဂုတ်သွေးစုတ်နေမှု တို့ကို ဘယ်လို တားဆီးမလဲ။

နိုင်ငံရဲ့အုပ်ချုပ်ရေး ဖွဲ့စည်းပုံစနစ်အထိဖြစ်နေတဲ့ အကျင့်ပျက်ချစားမှုတွေကို ဘယ်လိုပြုပြင်ပြောင်းလဲနိုင်မလဲ။
အဲ့ဒီအလုပ်တွေကြောင့် မိမိကိုယ်တိုင်နဲ့ မိသားစုပေါ် ဘယ်လိုအန္တရာယ်တွေ ဖြစ်စေမလဲ ဆိုတာကို နိုင်ငံရေးလှည့်ကွက်တွေနဲ့ ကြည့်ရှုရမယ့် ဘရာဇီးဇတ်ကားကောင်းဖြစ်တာကြောင့် ပရိသတ်အတွက် တင်ဆက်ပေးလိုက်ပါတယ်

0 comments:

Post a Comment