Vellai Yaanai (2021)


 

 

Rating : 6.7/10
Country : India
Genre : Drama,
Released Date : 2021
Duration : 2h 7min

အညွှန်း

ဒီဇာတ်ကားလေးကတော့ လယ်သမားတွေရဲ့ဘဝကို သရုပ်ဖော်ရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးဖြစ်ပါတယ်
ချာတူရ်ဗက်ဒီမန်ဂလမ် ဆိုတဲ့ တမီလ်ရွာလေးဟာ စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ကြပြီးတော့ ရွာတွင်းမှာပဲကုန်စည်တွေဖလှယ်ပြီး စည်ကားကြွယ်ဝနေတဲ့နေရာလေးတစ်ခုပေါ့

ဒီလိုသာယာနေတဲ့ရွာလေးကို တစ်နေ့မှာတော့ ဘဏ်လုပ်ငန်းရှင်တွေက စိုက်ပျိုးရေးချေးငွေတွေယူဖို့ လာတိုက်တွန်းပါတော့တယ်
မာရူတူး ဆိုတဲ့ ရွာသားကတော့ မယူဖို့တိုက်တွန်းပေမယ့် သူ့သူငယ်ချင်း ဗက်လား ကတော့ ယူဖို့ဆုံးဖြတ်လိုက်ပါတော့တယ်

ကံဆိုးမိုးမှောင်ကျတဲ့ရွာသားတွေအတွက်တော့ လယ်လုပ်ငန်းတွေ တိုးချဲ့လုပ်ကိုင်ကြပေမယ့်လည်း မိုးခေါင်ရေရှားမှုကြောင့် ဒုက္ခတွေ့ကြပါတော့တယ်
သူတို့တွေဘဏ်ချေးငွေတွေကိုရောပြန်ဆပ်နိုင်ပါ့မလား
ဘယ်လိုအခက်အခဲတွေနဲ့ကြုံတွေ့ကြမလဲ
မြေနိမ့်ရာလှံစိုက်ဆိုသလိုပဲ ဒီလယ်သမားတွေရော
လောကဓံရဲ့ဒဏ်ကို ရင်ဆိုင်သွားနိုင်ကြမလား
စတာတွေကို ကရုဏာရသမြောက်စွာကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်

 

0 comments:

Post a Comment