Bo Burnham: Inside (2021)


 

 

Rating : 8.7/10
Country : United State
Genre : Drama, Comedy, Music
Released Date : 2021
Duration : 1h 27min

အညွှန်း

Bo Burnhamဆိုတဲ့ ဟာသသရုပ်ဆောင်တစ်ယောက်ဟာ Panic attackကြောင့် သူ့ရဲ့အလုပ်ကို ၅ နှစ်ကြာ ရပ်နားလိုက်ရပါတယ်။ ဒါပေမဲ့ ကံဆိုးချင်တော့ သူအလုပ်ပြန်စမယ်လို့ ရည်ရွယ်လိုက်တဲ့နှစ်ဟာ 2020 ဇန်နဝါရီလ ဖြစ်လို့ပါတယ်။ ဒါဟာ တစ်ကမ္ဘာလုံး COVID-19ဆိုတဲ့ ရှည်လျားတဲ့အိပ်မက်ဆိုးကြီးကို စတင်တဲ့အချိန်ပေါ့။

မျှော်လင့်ချက်တွေကို ရိုက်ချိုးခံလိုက်ကလို့ စိတ်ဓာတ်ကျသွားတဲ့ Bo Burnham တစ်ယောက် အာရုံလွှဲပြောင်းဖို့အစီအစဉ်ကို စတင်တဲ့အနေနဲ့ Insideဆိုတဲ့ရုပ်ရှင်လေးကို ဖန်တီးဖို့စီစဉ်ပါတော့တယ်။ ဒီရုပ်ရှင်ရဲ့ထူးခြားမှုကတော့ Bo Burnhamက သူပြောချင်တဲ့အရာအားလုံးကို သီချင်းတွေနဲ့ ကိုယ်တိုင်ရေးစပ်ထားပြီး ရုပ်ရှင်တစ်ခုလုံး ကိုယ်ပိုင်အခန်းထဲမှာ ကိုယ်တိုင်ရိုက် ကိုယ်တိုင်တည်းဖြတ်ပြီး ကိုယ်တိုင်သရုပ်ဆောင်ထားတာပါ။

အခုအားလုံးလည်း COVID-19ကြောင့် Bo Burnhamလိုပဲ အခန်းအောင်းနေရချိန်မှာ မပျင်းရအောင်လို့ ဒီကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဒီကားလေးမှာ ကမ္ဘာကြီးကို ထေ့ငေါ့ထားတဲ့သီချင်းတွေ ယနေ့ခေတ်အပေါ် သူ့ရဲ့အမြင်တွေကို ဆန်းသစ်တဲ့ပုံစံနဲ့ တင်ဆက်ထားတဲ့အပြင် ဟာသလေးနှောထားတာမလို့ ကြည့်ရှုသူတိုင်းကို အပျင်းပြေသွားစေမှာပါ။

 

0 comments:

Post a Comment