The Card Counter (2021)


 

Rating : 6.6/10
Country : United State
Genre : Drama, Action, Thriller
Released Date : 2021
Duration : 1h 51min

အညွှန်း

ဒီဇာတ်ကားက ပိုကာအကြောင်းအဓိက ဇာတ်အိမ်တည်ရိုက်ထားတာပါ…Chess အကြောင်းမသိတဲ့သူတွေတောင် The Queen’s Gambit လို ချက်စီးရီးကိုတစ်ထိုင်ထဲကြည့်ဖြစ်သလိုဒီဇာတ်ကားကလည်း ပိုကာအကြောင်းမသိရင်တောင် ကြည့်ရတာ တော်တော်စိတ်လှုပ်ရှားစရာကောင်းပါတယ်…

ပိုကာအကြောင်းသိရင်တော့ ဆိုဖွယ်ရာမရှိပေါ့… ဝီလီယမ်ထဲလ်ဆိုတာ စစ်ထောင်ထဲမှာ ထောင်စောင့်အဖြစ် ၈နှစ်ထမ်းဆောင်ခဲ့တယ်…နေ့စဉ် ဒီအလုပ်ကြီးနေတဲ့သူအဖို့  သူ့အတွက်စိတ်အပန်းဖြေရာက ဖဲကစားနည်းတွေပဲဖြစ်လာတယ်…ဒီအပိုင်းမှာ သူဟာ ပါရမီပါပုံရတယ်….မှတ်ဉာဏ်ကလည်း သူမတူအောင်ထူးတယ်…နောက်ပိုင်းထောင်စောင့်ဘဝက အနားယူပြီးတဲ့နောက်မှာ သူဟာ ကာစီနိုတွေတစ်ခုပြီးတစ်ခုပြောင်းပြီးကစားပါတယ်…သို့ပေမဲ့ ဒီလောကကြီးမှာ လောဘတက်ရင် ဘဝပျက်တယ်ဆိုတာ ဖြတ်သန်းခဲ့တဲ့အတွေ့အကြုံတွေအရသိလို့  ကြေးနည်းနည်းလေးတွေဆော့ရင် နေ့စဉ်အချိန်ကုန်နေတယ်…ဒီလိုနဲ့သူအရည်အချင်းကို သိပြီး ကြေးအကြီးကြီးဆော့ဖို့ မဲဆွယ်ရင်း ကိစ္စတစ်ခုခိုင်းဖို့ လူတစ်ယောက်ကချဉ်းကပ်လာတဲ့အခါမှာတော့…..မင်းသားကြီးOscar Isaac ပါဝင်ထားပြီး ဝင်ငွေအတော်ကောင်းခဲ့တဲ့ကားမို့ လက်မလွှတ်သင့်ပါကြောင်း…

0 comments:

Post a Comment