Elite Squad (2007)


 

Rating : 8.0/10
Country : United State
Genre : Drama, Action, Crime
Released Date : 2007
Duration : 1h 55min

အညွှန်း

ဒီတစ်ခါမှာတော့ Old but gold ဖြစ်တဲ့ Elite squad 2007 အက်ရှင်ဇာတ်ကားကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ IMDb 8.0 ရထားတာဖြစ်လို့ ကြည့်လို့မကောင်းမှာတော့ မပူပါနဲ့။

ကပ္ပတိန် နာစီမန်တိုဟာ ဘိုပေးအထူးရဲတပ်ဖွဲ့ရဲ့ ခေါင်းဆောင်တစ်ယောက်ပါ။ သူဟာ အလုပ်ထွက်ဖို့ စီစဉ်ထားပေမယ့်လည်း သူ့နေရာကို အစားထိုးနိုင်မယ့်သူကို ရှာမတွေ့သေးတာကြောင့် အထက်လူကြီးက သူ့ရဲ့နှုတ်ထွက်မှုကို လက်မခံသေးပါဘူး။
တစ်နေ့တော့ ကပ္ပတိန် နာစီမန်တိုဟာ ရီယိုမြို့ကို ပုပ်ရဟန်းမင်းကြီး အလည်အပတ် မရောက်လာခင် နယ်မြေရှင်းလင်းရေး လုပ်ဖို့အတွက် တာဝန်ပေးအပ်ခံရပါတယ်။

ရီယိုမြို့မှာ ဆင်းရဲသားရပ်ကွက်ပေါင်း ၇၀၀ ကျော်ရှိပြီးတော့ အဲ့ဒီရပ်ကွက်တွေမှာ မှုးယစ်ဆေးဝါးလုပ်ငန်းတွေကို တွင်တွင်ကျယ်ကျယ် လုပ်ကိုင်နေကြပြီး အကျင့်ပျက်ရဲတစ်ချို့ကလည်း မှုးယစ်ရာဇာတွေဆီကနေ လာဘ်ယူကာ နှုတ်ပိတ်နေကြပါတယ်။

အဲ့ထဲက နက်တိုနဲ့ မာရှီယာဆိုတဲ့ လူနှစ်ယောက်ကတော့ ငယ်သူငယ်ချင်းလည်းဖြစ်သလို ရိုးသားဖြောင့်မတ်တဲ့ ရဲတွေလည်းဖြစ်ကြတော့ ဘိုပေးအထူးတပ်ဖွဲ့ထဲကို ဝင်ရောက်ကာ ရာဇဝတ်မှုတွေကို အတူတူ ရင်ဆိုင်နှိမ်နှင်း ကြပါတယ်။ သူတို့နှစ်ယောက်ထဲက ဘယ်သူဟာ ကပ္ပတိန်မာစီမန်တိုရဲ့ နေရာကို ရမှာလဲ ၊ နာစီမန်တိုက ဘာကြောင့်တပ်ဖွဲ့ထဲက နှုတ်ထွက်ချင်ရတာလဲ ၊ ဌာနထဲက အကျင့်ပျက်ရဲတွေဟာ ကလိမ်ကကျစ်ကြပြီး အချင်းချင်း ဘယ်လိုပြန်ခိုးယူနေကြလဲ ဆိုတာတွေကိုတော့ ဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှုပေးဖို့ ပြောရင်း အညွှန်းကို အဆုံးသတ်လိုက်ပါတယ်။

0 comments:

Post a Comment