Jathi Ratnalu (2021)


 

Rating : 7.4/10
Country : India
Genre : Comedy 
Cast : Naveen Polishetty, Priyadarshi, Rahul Ramakrishna
Released Date : 2021
Duration : 2h 25min

အညွှန်း
ပေါ့ပေါ့ပါးပါးနဲ့ကြည့်လို့ ကောင်းတဲ့ကားလေးပါ။ Rating လည်းအသင့်အတင့်ရရှိထားပြီး သူငယ်ချင်းတွေရဲ့သံယောဇဉ်ဖော်ကြူးထားတဲ့ကားလေးဖြစ်ပါတယ်။

ဆာရီခမ့်တို့ သူငယ်ချင်းသုံးယောက်ဟာသူတို့မြို့မှာဆို ငမွှေကောင်တွေပေါ့။ လူတိုင်းက မလေးစားကြပါဘူး။ အဲဒါနဲ့ ဟိုက်ဒရာဘက်သွားပြီး အလုပ်ရှာပြီးလေးလေးစားစားနေခံရဖို့ တွေးမိပါတော့တယ်။ ဟိုက်ဒရာဘက်ရောက်တော့ သူတို့နေတဲ့အခန်းကို အလောင်တစ်လောင်းရောက်လာပါတော့တယ်။ သူတို့လည်းအမှုပတ်မှာမို့လွှင့်ပစ်ဖို့လုပ်တုန်း ရဲမိသွားပါတော့တယ်။ တကယ်က အဲလူကမသေသေးပါဘူး။ ဒီတော့တရားစွဲခံရတာပေါ့။

ရှေ့နေကလည်းမငှားနိုင်။ ရှေ့နေဘွဲ့လိမ်ယူထားတဲ့ ဆာရီခမ့်ကောင်မလေးက ရှေ့နေ့လိုက်ပေးပါတော့တယ်။ အဲမှာအလွဲလွဲ အချော်ချော်နဲ့ပေါ့။ ဟိုသုံးယောက်ရဲ့အရှုပ်ထုပ်တွေကလည်းအများကြီးပါ။ ပြောရင်ပေါ့သွားမှာစိုးလို့  ကြည့်လိုက်ကြပါတော့။ ရယ်လည်းရယ်နေရပါတယ်။

0 comments:

Post a Comment