Joji (2021)


 

Rating : 8.0/10
Country : India
Genre : Crime, Drama
Cast : Fahadh Faasil, Dileesh Pothan, Unnimaya Prasad
Released Date : 2021
Duration : 1h 53min

အညွှန်း
ဒီဇာတ်လမ်းကတော့ murder ကားဖြစ်ပြီး covid အတွင်း ဇာတ်အိမ်တည်ထားပါတယ်

မြို့တစ်မြို့က မျက်နှာဖုံးသူဌေးမိသားစုတခုရဲ့အဖြစ်အပျက်ပါ။ သန်မာပြီး အာဏာရှိတဲ့ အဖေရယ် သား 3 ယောက်ရယ်၊ ပထမသားရဲ့သား ဆယ်ကျော်သက်အရွယ်တစ်ယောက်ရယ်၊ ဒုတိယသားရဲ့မိန်းမရယ် တစ်အိမ်တည်းအတူနေကြပါတယ်။ အားလုံး ၆ ယောက်ပါ။ အိမ်ထဲ ခြံထဲမှာတော့ အလုပ်သမားတွေအများကြီးရှိကြပါတယ်

Joji ကတော့ ၃ ယောက်တည်းကအငယ်ဆုံးသားပါ။ သူက ညီအကိုထဲမှာ အိမ်ထောင်မရှိ လူလွတ်တစ်ယောက်။ တစ်အိမ်လုံး သားအားလုံးက အဖေကို အရမ်းကြောက်ရပါတယ်။ တနေ့တော့ သူတို့အဖေက အလုပ်တခုလုပ်ရင်း ဦးနှောက်သွေးကြောပေါက်သွားပါတယ်။ covid အတွင်းဆိုတော့ ဆေးကုရခက်ပေမဲ့ ဆေးရုံအမြန်ပို့ပြီး လေပါဖြတ်သွားပါတယ်။ အဖေဒီလိုဖြစ်ချိန်မှာ Joji က အခွင့်အရေးတွေ ယူလာတာပါ အဖေပိုင်တဲ့အရာတွေကို မျက်စိကျပြီး ကြိုးစားရာက ဘာဖြစ်မလဲ လူသတ်မှုကရော ဘယ်လိုဖြစ်မလဲကို ကြည့်ရမှာပါ။

0 comments:

Post a Comment