Sreekaram (2021)


 

Rating : 6.7/10
Country : India
Genre : Drama 
Cast : Aamani, Rajsekhar Aningi, Priyanka Arulmohan
Released Date : 2021
Duration : 2h 2min

အညွှန်း
ဒီဇာတ်ကားကတော့ ဆော့ဝဲလ်ကုမ္ပဏီကနေအလုပ်ထွက်ပြီးစိုက်ပျိုးရေးလုပ်ခဲ့တဲ့လူငယ်တစ်ယောက်အကြောင်းကို
ရိုက်ကူးထားတာဖြစ်ပါတယ် လယ်သမားတွေကိုအထင်မကြီးကြတဲ့ခေတ်ကြီးထဲမှာ လယ်သမားအလုပ်ဆိုတာဘယ်လိုအရေးပါကြောင်း
ဂုဏ်ရှိကြောင်းကိုလူငယ်လေးကဘယ်လိုကြိုးစားပြမလဲဆိုတာကြည့်ရူရမှာပါကာသစ်ဆိုတဲ့လူငယ်လေးဟာ အဖေ့ရဲ့လယ်ကွက်ပေါင်ထားတဲ့အကြွေးတွေကြေဖို့ ရွာကနေမြို့တတ်ပြီးတော့အလုပ်လုပ်ခဲ့ပါတယ်
အကြွေးတွေအကုန်ကျေပြီးတော့လယ်ကွက်ပြန်ရွေးနိုင်တဲ့အချိန်မှာတော့အဘိုးလက်ထက်ကတည်းကလုပ်ကိုင်ခဲ့တဲ့
လယ်သမားအမွေကိုပဲဆက်ခံပြီးလုပ်တော့မယ်လို့ သူ့အဖေကိုပြောခဲ့ပါတယ် မိသားစုဝင်တွေကသူ့ကိုနားမလည်နိုင်စိတ်ဆိုးခဲ့ကြပါတယ်
သူ့ကိုချစ်နေတဲ့ကောင်မလေးရဲ့မိဘတွေကလည်း သူတို့သမီးနဲ့လက်ထပ်ပြီးရင်ကုမ္ပဏီကိုသူ့ကိုလွှဲပေးတော့မှာပါ
ဒါပေမယ့် အလုပ်ကောင်းကောင်းကိုစွန့်လွှတ် ချစ်သူကိုစွန့်လွှတ်ပြီး မိသားစုနဲ့အတိုက်အခံလုပ်ကာ ရွာပြန်လယ်စိုက်ခဲ့ပါတယ်
ဘယ်လိုနည်းလမ်းအသစ်တွေနဲ့စိုက်ပျိုးရေးလုပ်မလဲ အခက်အခဲတွေကြုံရမလဲ အောင်မြင်မှုရနိုင်မလားဆိုတာကြည့်ရူလိုက်ပါနော်
ရွာဇာတ်ကြမ်းကားတွေ မျှော်နေတဲ့သူများအဖို့အကြိုက်တွေ့စေမယ့် အချစ်ဇာတ်ကြမ်းကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။

0 comments:

Post a Comment