A Million Little Pieces (2018)


Rating : 6.2/10
Country : United state
Genre :  Drama
Cast :   Aaron Taylor-Johnson, Billy Bob Thornton, Odessa Young 
Released Date : 2018
Duration :  1h 53min 

အညွှန်း

အရက် ဆေး ကိုကင်း အသီး အရွက် အလုံး

ဒီနာမည်မျိုးစုံနဲ့ ထွက်တဲ့ဆေးဝါးတွေမူးယစ်ဆေးတွေစိတ်ကြွဆေးတွေဟာ သုံးလို့တော့ကောင်းပေမယ့် နောက်ဆက်တွဲ က ဆိုးကျိုးပဲ

များတာကို အတော်များများ သိကြမှာပါ….

ဆေးချတာမပြောနဲ့ဦး Hangover ဖြစ်ရင်တောင်တစ်နေ့လုံးနေလို့အဆင်မပြေတဲ့ဝေဒနာကြီးစွဲထင်တတ်ပါတယ် A Million Little Pieces ထဲက ဂျိမ်းစ်ဖရေး သူ့ဘ၀တောက်လျှောက်ဆေးလိပ်တွေအရက်တွေ ကိုကင်းတွေနဲ့ပဲ ရင်းနှီးခဲ့ရတယ် အသက်နဲ့မလိုက်အောင် ကိုယ်တွင်းအင်္ဂါထိခိုက်မှုတွေဖြစ်ထားတယ် မိသားစုအချစ်ရေး မိတ်ဆွေသူငယ်ချင်းအားလုံးဆုံးရှုံးပြီးမှ ဒီပြန်လည်ထူထောင်ရေးစင်တာကိုရောက်လာတယ် ပထမနေ့ နေရထိုင်ရအဆင်မပြေဖြစ်တယ်ဂယောင်ခြောက်ခြားဖြစ်မယ် ဝေဒနာပေါင်းစုံပါပဲ ဒုတိယနေ့အဲ့ထက်ဆိုးတယ် တတိယနေ့အဲ့ထက်ပိုပိုဆိုးလာတယ်ဆေးပြတ်အောင်ဖြတ်တာဟာလွယ်ကူတဲ့အလုပ်မဟုတ်မှန်းဒီကားကြည့်ရင်သိမှာပါ တဖြည်းဖြည်းပြောင်းလဲလာတဲ့ဂျိမ်းစ်ဖရေးကိုလဲ ကြည့်ရင်း ကိုယ်တိုင်မွန်းကြပ်လာသလို

သူနဲ့ အတူ ဒီ ဒုက္ခတောထဲက ထွက်ဖို့ရုန်းကန်ချင်စိတ်ပေါ်လာပါတယ်..

သူဆေးပြတ်သွားမလား…ဆက်ပြီးသုံးရင်း ဘဝကို အဓိပ္ပါယ်မဲ့

ဆက်ကုန်ဆုံးမလား ခံစားကြည့်ကြပါဥ◌ီး….

0 comments:

Post a Comment