A Flying Jatt (2016)

Rating : 3.1/10
Country : India
Genre :  Action, Adventure, Comedy
Cast :  Tiger Shroff, Jacqueline Fernandez, Nathan Jones
Released Date : 2016
Duration :  2h 31min

အညွှန်း
ဒီကားလေးက အိန္ဒိယ စူပါဟီးရိုးကားလေးပါ
မယ်ဟိုသာ ဆိုတဲ့ စီးပွားရေးသမားတစ်ယောက်ဟာ
ရေကန်အနီးမှာစက်ရုံတစ်ခုကိုပိုင်ဆိုင်ထားပါတယ်
အဲ့စက်ရုံကိုကုန်ကြမ်းတွေပို့ဖို့အတွက်ရေကန်ကိုဖြတ်
ပီးတော့တံတားတစ်ခုဆောက်ဖို့အတွက်လိုအပ်နေခဲ့ပါတယ်
ဒါပင်မဲ့အဲ့ရေကန်နားမှာရှိတဲ့မြေကိုတော့ဝယ်လို့
မရခဲ့ပါဘူး ဘာလို့လဲဆိုတော့အဲ့မြေပေါ်မှာ
ဆုတောင်းပြည့်သစ်ပင်တစ်ခုရှိနေတဲ့အတွက်နဲ့
ပိုင်ရှင်ဖြစ်သူ ဒီလွန် မိသားစုကမရောင်းတာဖြစ်ပါတယ်
ဒီလွန် မိသားစုကိုဦးဆောင်နေတာက
မစ္စဒီလွန် ဖြစ်ပီးတော့ သူ့မှာ အာမန် နဲ့ ရိုဟစ် ဆိုတဲ့
သားနစ်ယောက်ရှိပါတယ် အာမန် ကကျောင်းမှာ
ကိုယ်ခံပညာသင်ပေးတဲ့ဆရာတစ်ယောက်ဖြစ်ပါတယ်
သူတို့ကျောင်းက ကေထရီ ဆိုတဲ့ဆရာမလေးကို
ချစ်မိနေတဲ့သူပါ
မယ်ဟိုသာ ကသစ်ပင်ကိုဖျက်စီးပီးတော့သူလိုချင်တဲ့
မြေနေရာကိုဝယ်လို့ရအောင်ကြံစည်နေခဲ့ပါတယ်
သစ်ပင်ကိုဖျက်စီးဖို့အတွက် ရာကာ ဆိုတဲ့ကြေးစား
လူဆိုးတစ်ယောက်ကိုဌားရမ်းခဲ့ပါတယ်
အာမန် သစ်ပင်နားမှာရှိနေတဲ့အချိန်မှာ
ရာကာ ကသစ်ပင်ကိုဖျက်စီးဖို့လုပ်တဲ့အတွက်
အာမန် ကတားဆီးခဲ့ပါတယ်
ဒါပင်မဲ့ ရာကာ က အာမန် ကိုအေးအေးဆေးဆေးဘဲ
အနိုင်ယူနိုင်ခဲ့ပီးတော့ လှွစက်ကိုအသုံးပြုပီးသတ်ပစ်ဖို့
လုပ်ခဲ့ပါတယ် ဒါပင်မဲ့အဲ့အချိန်မှာတော့မိုးကြိုးမုန်တိုင်း
တွေဖြစ်လာခဲ့ပီးတော့ သစ်ပင်ကနေတဆင့် ရာကာ ရော
အာမန် ရောပါမိုးကြိုးထိမှန်ခဲ့ပါတယ် အဲ့နောက်မှာတော့
ရာကာ တစ်ယောက် မယ်ဟိုသာပိုင်တဲ့စက်ရုံဆီကို
လှွင့်သွားခဲ့ပါတယ်
အာမန်ကရောဘာတွေဖြစ်မလဲဆိုတာကိုတော့..........

 

0 comments:

Post a Comment