Rich in Love (2020)

Rating : 5.9/10
Country :  United State
Genre : Comedy, Romance 
Cast : Danilo Mesquita, Giovanna Lancellotti, Jaffar Bambirra 
Released Date : 2020
Duration : 1h 44min

 ဘရာဇီးနိုင်ငံ ရီယို မြို့ ရဲ့ နောက်ခံ အလှ နဲ့အရမ်းလှပတဲ့ အချစ်ဇတ်လမ်းလေး တစ်ခုအကြောင်းပေါ့…
အချစ်မှာ အကြောင်းပြချက်မရှိဘူးဆိုတာ ယုံလား ?တက်ကို ဆိုတဲ့ သူဌေးလေးဟာသူ့အဖေက အရမ်းချမ်းသာလွန်းလို့ဘော့ကျော့နေပြီး တစ်မြို့လုံးကကောင်မလေးတွေ နဲ့ ပတ်ပြီး အိပ်နေတာပေါ့ရီယို နဲ့ နီးတဲ့ တောင်ယာစိုက်ခင်းတွေ ရှိတဲ့ဘက်ကခရမ်းချဉ်သီးမင်းသားလေး လို့နာမည် တွင်တယ် တစ်မြို့လုံးကအရွယ်ရောက်ပြီး ကောင်မလေးတိုင်း ဟာတက်ကို လို နာမည်ကြီး ရုပ်ချောသူဌေးသားလေး နဲ့ စုံတွဲခုတ်ချင်ကြတာပါအဲ့ဒီ တစ်ဖက်က ရီယိုမြို့မှာတော့ဆေးကျောင်းသူလေး ပေါ်လာ ဟာဆရာဝန်ဖြစ်ခွင့်ရဖို့ အလုပ်သင်ဆရာဝန်အဖြစ် တာဝန်ထမ်းဆောင်ရင်း နဲ့တစ်ရက်မှာ ပေါ်လာ ရဲ့ သူငယ်ချင်းမင်္ဂလာဆောင်အတွက်ခရမ်းချဉ်သီးမြို့ကို ရောက်လာပါတယ်…ကံဆိုးစွာပဲ အဲ့ဒီနေ့မှာ မတော်တဆ မှု တစ်ခုဖြစ်ပြီးသူဌေးသားလေး တက်ကို နဲ့ ဆရာဝန်လောင်းမလေးပေါ်လာ တို့ ဆုံမိကြတာပဲ…ပေါ်လာ ကို မြင်မြင်ချင်း ချစ်သွားတဲ့ တက်ကို ကတော့သူ့ပိုက်ဆံတွေကြောင့် ပေါ်လာ ရဲ့ အချစ် စစ်ပါ့မလားဆိုပြီးဆင်းရဲချင်ယောင် ဆောင်ပြီး လိမ်ထားလိုက်ပါသတဲ့…လူငယ်တွေ ရဲ့ နှလုံးသားရေးရာ ဟာ ထူးဆန်းတယ်တက်ကို လို ဘော့ကျော့သူဌေးသားဟာ ပေါ်လာအတွက်အိမ်သာလဲ ဆေးနိုင် အောက်ခြေသိမ်း အလုပ်တွေအကုန် လုပ်ပေးနိုင်တဲ့ ဆင်းရဲသားလေး အဖြစ်ပြောင်းလဲ သွားနိုင်တယ်….ဒါပေမဲ့ ပေါ်လာ မသိအောင် သူဌေးသား ဘဝကိုရေရှည် ထိန်းထားနိုင်မလားဆိုတာကိုတော့…..ဒီရုပ်ရှင်ကား ဟာ ဗမာကားဆန်တယ်လို့ ပြောလို့ရတယ်

0 comments:

Post a Comment