အပြည်ပြည်ဆိုင်ရာမှုခင်းရဲဌာနမှာလုပ်နေတဲ့
မိုက်ကယ်တစ်ယောက် သူတာဝန်ယူရတဲ့
စစ်ဆင်ရေးတစ်ခုပြီးတဲ့အချိန်
သူ့မိသားစုနဲ့အတူ
ရိုစီနီလုပ်ငန်းကကျင်းပတဲ့
ညစာစားပွဲတစ်ခုကိုရောက်လာတဲ့အချိန်မှာ
ရိုစီနီမိသားစုပိုင်ဆိုင်တဲ့ မြေအောက်မှာမြှုပ်နှံထားတဲ့ ရွှေငွေရတနာတွေကို ခိုးယူဖို့အတွက်
ဂိုရိုဦးဆောင်တဲ့ လက်နက်ကိုင်အယောက်15ယောက်မှ အယောက်20လောက်ဟာ ရောက်လာပြီး
ညစာစားပွဲမှာရှိတဲ့လူတွေကိုဓားစာခံအဖြစ်ဖမ်းထားပါတယ်။
ပြဿနာတွေဖြစ်တဲ့အချိန် မိုက်ကယ်ဟာ
သူ့သမီးနဲ့ဇနီးကိုအရင်အပြင်ခေါ် ထုတ်ဖို့လုပ်ခဲ့ပေမယ့်
ဆရာဝန်တစ်ယောက်ဖြစ်တဲ့ သူ့ဇနီးမယ်ရီဟာ
ညစာစားပွဲမှာပါတဲ့ ဒဏ်ရာရနေတဲ့လူတစ်ယောက်ကိုကယ်ဖို့အတွက် အထဲမှာပဲနေခဲ့ပါတယ်
မိုက်ကယ်ဟာ လက်နက်ကိုင်တွေလက်ကနေ ဓားစားခံတွေ သူ့ရဲ့ဇနီးနဲ့ ရွှေငွေရတနာတွေကို
ကာကွယ်ပေးနိုင်ပါ့မလားဆိုတာကို တင်ပြထားတဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်။

0 comments:
Post a Comment