Purampokku Engira Podhuvudamai (2015)

 


Rating : 5.9/10
Country : India
Genre : Action, Crime, Drama
Cast :    Arya, Shaam, Vijay Sethupathi
Released Date : 2015
Duration : 2h 39min

အညွှန်း
သတိ။ ။အချစ်ကား မဟုတ်ပါ။
နုနုရွရွကြိုက်တတ်သူများ စိတ်ကြည်လင်ပြီး နိုးကြားနေတဲ့အချိန်မှာ ကြည့်ပါ
အညွှန်း-----
အခုတင်ဆက်ပေးမယ့် ရုပ်ရှင်ဇာတ်ကားက
တစိမ့်စိမ့်တွေးရင်း ကြည့်ရင်း ဇာတ်ကားကြည့်ရတာ သဘောကျတဲ့သူတွေအတွက် ရေကန်အသင့်
ကြာအသင့် ဖြစ်စေမယ့် ဇာတ်ကားဆိုရင်
မမှားပါဘူး။သင်သာ ဗီဂျေးဆေးသူးပသီးရဲ့
ဖန်ဆိုရင်တော့ ဒီဇာတ်ကားမှာ သူရဲ့ သရုပ်ဆောင်
တွေကို ကြွေမိမှာ အမှန်ပါဘဲ။ပီးတော့ သူနဲ့အတူ
အားရီးယားကိုလဲ အားဖြည့်ထားတာပါ။
ဒီဇာတ်ကားရဲ့ ဇာတ်လမ်းအကျဉ်းက
သေဒဏ်ပေးခံရမယ့် ဘားလူး တစ်ယောက်
သူ့ရဲ့လက်ကျန်ရက်တွေကို ထောင်ထဲမှာ
ကုန်ဆုံးရင်း အခွင့်ရရင် လွတ်မြောက်အောင်
ကြိုးပမ်းမှာဖြစ်ပါတယ်။သူ့ကို အကူအညီပေးဖို့
အပြင်က အဖွဲ့တွေက ကူညီပေးဖို့ နည်းလမ်းရှာရင်း
ပါးကွက်သားဖြစ်တဲ့ ရာမန်းလင်းဂေါ်န် (ဗီဂျေးဆေးသူးပသီး) ကို စည်းရုံးရင်းနဲ့
ဘားလူး ထောင်ကလွတ်စေမယ့် အကြံ
အောင်မြင်မလား ဒါမှမဟုတ် သေဒဏ်ဘဲ
ပေးခံရမလားဆိုတာကို စိတ်လှုပ်ရှားစရာအပြည့်နဲ့
ကြည့်ရှု့ရမှာပါ။သေချာတာကတော့
ထောင်တွင်း အကျဉ်းသားတွေရဲ့ဘ၀ကို
ကွက်ကွက်ကွင်းကွင်း ပြသသွားတဲ့ဇာတ်ကားပါ။
ပြီးတော့ ကွန်မြူနစ် ဝါဒီ တယောက်ရဲ့
အတွေး‌အခေါ်ကိုရောပေါ့။သေချာတာက
ကြည့်ရ အလွန်တန်တဲ့ ဇာတ်ကားတစ်ကားဖြစ်ပြီး
ကိုယ်တွေးထားတဲ့ ဇာတ်သိမ်းမဟုတ်မှာတော့
သေချာသလောက်ဖြစ်မှာပါ။

0 comments:

Post a Comment