Acid Factory (2009)


 

Rating : 5.0/10
Country : India
Genre : Action, Crime, Mystery
Cast :   Fardeen Khan, Dia Mirza, Manoj Bajpayee
Released Date : 2015
Duration : 1h 48min

အညွှန်း
ဒီကားလေးက 2009မှာ ထွက်ခဲ့တဲ့ ကုလားကားအလန်းလေးပါ။ ဒီကားမှာ မင်းသားချည်းပဲ ငါးယောက်လောက် ပါဝင်ထားပြီး အဲ့ဒီထဲက မင်းသား Irrfan Khan ဟာဆိုရင် ဟောလိဝုဒ် ထိ ပေါက်ရောက်တဲ့ ဒိတ်ဒိတ်ကြဲ မင်းသားကြီးပါ။ ဇာတ်ကားလေးက အက်ရှင်ကားဆိုတာထက် လျှို့ဝှက်ဆန်းကြယ် ဆန်ဆန်လေးပါ။ ဇာတ်လမ်းပုံစံလေးကတော့ လူငါးယောက် အက်ဆစ်စက်ရုံတစ်ခုမှာ နိုးလာတယ် ။ သူတို့ကိုယ်သူတို့ ဘယ်သူဘယ်ဝါ ဆိုတာလဲ မမှတ်မိကြဘူး ဘာလို့ဒီထဲကိုရောက်နေတာလဲဆိုတာလဲ​မသိကြဘူး။ အဲ့ဒါ ဇာတ်လမ်းအစလေးပါပဲ။ ဇာတ်ကားလေးက တရားခံကဘယ်သူလဲ ဆိုတဲ့ ပဟေဌိဆန်တဲ့ကားမျိုး ဖြစ်လို့ အများကြီးပြောမပြတော့ဘူး။ သေချာတာကတော့ ဒီဇာတ်ကားလေးဟာ ကြည့်တဲ့သူကို အဆုံးထိ မထချင်လောက်အောင် ဖြည်းဖြည်းချင်း ဆွဲခေါ်သွားမှာဖြစ်လို့ ဇာတ်ကားကောင်းကြိုက်သူတွေအတွက် အချိန်ပေးရတာ တန်တဲ့ကားလေးဖြစ်ပါတယ်

0 comments:

Post a Comment