Lost Bayou (2019)


 

Rating : 5.4/10
Country : United State
Genre : Drama
Cast : Teri Wyble, Dane Rhodes, Hunter Burke
Released Date : 2019
Duration : 1h 27min

အညွှန်း
Best Narrative Feature ဆုကိုရရှိထားတဲ့ Drama ကားလေးပါ….ဂယ်လ်ဆိုတဲ့ မိန်းကလေးဟာ ဆေးစွဲနေသူပါ ….သူကိုယ်တိုင်ရဲ့ မိခင်တာဝန်ပျက်ကွက်မှုတွေကြောင့် သူ့ရဲ့ သားလေးကို အမေသစ်ဆီမှာ ဆုံးရှုံးရတော့မလို ဖြစ်နေရသူလည်း ဖြစ်ပါတယ်..တစ်နေ့တော့ သူ့ဖခင်ဖြစ်သူရဲ့ ဆက်သွယ်လာမှုကြောင့် အိမ်ကို ပြန်ရောက်လာခဲ့ပါတယ်…
ဖခင်ဖြစ်သူက သေဆုံးပြီး ဖြစ်တဲ့ ဇနီးသည်ကို မစွန့်လွှတ်နိုင်ဘဲ ဖြစ်နေသူပါ….
ဒါ့အပြင် သစ္စာဆိုပြီး ဆေးကုတဲ့ အလုပ်ကို လုပ်ကိုင်ပါတယ် …သေဆုံးပြီးဖြစ်တဲ့ ဇနီးသည်က အခုမှ သေသွားသလို ပြောနေပြီး သူတို့အိမ်မှာ အမျိုးသမီးအလောင်းတစ်ခုလည်း ရှိနေပါတယ် …ဒီအလောင်းက ဘယ်သူလဲ ဂယ်လ်ရဲ့ ဖခင်မှာ ဘာလျှို့ဝှက်ချက်တွေ ရှိနေခဲ့တာလဲဖခင်နဲ့ သ‌ဘောထားသိပ်မတိုက်ဆိုင်တဲ့ ဂယ်လ်ကရော ဖခင်ဖြစ်သူနဲ့ ပြန်အဆင်ပြေပါ့မလားဆိုတာတော့ စိတ်ဝင်စားဖွယ် ဆက်လက်ကြည့်ရှုရမှာပါ….ဒရမ်မာကားချစ်သူတွေအတွက် ငြိမ့်ငြိမ့်လေးနဲ့ စိတ်ဝင်စားဖွယ် စီးမျောနိုင်မယ့်ဇာတ်ကားကောင်းလေးဖြစ်လို့ လက်မလွတ်တမ်း ကြည့်ရှုဖို့ ညွှန်းပေးပါရစေ…

0 comments:

Post a Comment