The Antique Secret of the Old Books (2018)


 

Rating : 4.4/10
Country : Japan
Genre : Drama, Mystery
Cast : Haru Kuroki, Shûhei Nomura, Masahiro Higashide 
Released Date : 2018
Duration : 2h 1min

အညွှန်း
“ရှီအိုရီကို”ကတော့ ဘီဘရီယာရှေးဟောင်းစာအုပ်ဆိုင် ပိုင်ရှင်ဖြစ်ပြီး စာအုပ်ကိုဖတ်ကြည့်လိုက်တာနဲ့ ဒီစာအုပ်နောက်ကွယ်ကအဖြစ်အပျက်တွေကိုခန့်မှန်းနိုင်လောက်အောင် နှံ့စပ်သူပါ။
သူ့ဆိုင်ကရှေးစာအုပ်တစ်အုပ်ကြောင့် လူစိမ်းတစ်ယောက်ကလှေကားပေါ်ကနေတွန်းချတာကိုခံရပြီး ခြေထောက်ထိထားသူပါ။“ဒိုင်ဆုကဲ”ကတော့ သူ၅နှစ်သားလောက်က အဘွားရဲ့စာအုပ်စင်ပေါ်ကစာအုပ်ကိုယူဖတ်မိလု့ိ ပါးကို၂ချက်တိတိရိုက်ခံခဲ့ရပါတယ်။
အဲဒီစိတ်ဒဏ်ရာကြောင့်”ဒိုင်ဆုကဲ”တစ်ယောက် စိတ်ကူးယဉ်ဝတ္တုတွေကိုမဖတ်နိုင်တော့ပါဘူး။အဘွားဆုံးပါးသွားပြီးနောက် သူပါးရိုက်ခံခဲ့ရတဲ့အကြောင်းအရင်းဖြစ်တဲ့စာအုပ်ရဲ့ထူးခြားမှုကို “ဒိုင်ဆုကဲ”သိချင်လာပါတယ်။
ဒါကြောင့်”ရှီအိုရီကို”ကိုသွားမေးခဲ့ပါတယ်။
ဒီစာအုပ်ထဲကရတဲ့သဲလွန်စလေးတွေနဲ့”ရှီအိုရီကို”ရဲ့သိမြင်နိုင်စွမ်းတို့ပေါင်းစပ်လိုက်တဲ့အခါ အဘွားရဲ့လူသိမခံတဲ့အချစ်ဇာတ်လမ်းလေးတစ်ခုကိုသိလာရပါတယ်။
ဒီဇာတ်လမ်းကိုအစဆွဲထုတ်ကြရင်းနဲ့ “ရှီအိုရီကို”ကိုတိုက်ခိုက်ခဲ့တဲ့လူရဲ့အကြောင်းကိုစုံစမ်းဖို့ ပူးပေါင်းရှာဖွေကြပါတယ်။ဒီအဖြစ်အပျက်တွေအားလုံးရဲ့အဓိကအကြောင်းအရင်းဟာ *ရှေးဟောင်းစာအုပ်တစ်အုပ်* ဖြစ်နေတဲ့အခါ…
ဒီစာအုပ်ထဲကမှတ်ဉာဏ်လေးတွေကိုဆက်စပ်ပြီး တွန်းချခဲ့တဲ့လူကိုဘယ်လိုရှာဖွေမလဲ…
အဘွားရဲ့လူသိမခံချင်တဲ့လွမ်းမောစရာအတိတ်ကရော ဘယ်လိုဇာတ်လမ်းလဲဆိုတာ Antiqueစာအုပ်လေးထဲမှာ သူတို့နဲ့အတူတူရှာဖွေကြည့်ရှုနိုင်ပါတယ်။
Japanရဲ့ နာမည်ကြီးစာရေးဆရာတစ်ယောက်ဖြစ်တဲ့ Dazai Osamuရဲ့ဝတ္တုတွေနဲ့ဆက်စပ်ပြီး ဇာတ်အိမ်တည်ထားတဲ့ဇာတ်ကားတစ်ကားပါ။

0 comments:

Post a Comment