Rook. (2020)


 

Rating : 5.0/10
Country : United State
Genre : Comedy, Crime, Drama
Cast : Zack Rush, Sarah Johanna Jewell, Bobby Lee Black
Released Date : 2020
Duration : 1h 10min

အညွှန်း
“လောဘသည် ဆိုးကျိုးကိုသာ ဖြစ်လတ္တံ့”ဆိုတဲ့အတိုင်းပဲ ဒီဇာတ်ကားမှာလည်း ရွှေခိုးရာမှ ဖြစ်ပေါ်လာတဲ့အကြောင်းရာအပေါ်ကို အခြေခံပြီး ရိုက်ကူးထားတာပါ။

ဘန်နီဆိုတဲ့ လူဟာ ရွှေရတဲ့ မြို့ကိုလာပြီး ရွှေအရောင်းဝယ်လုပ်တဲ့သူကို တစ်ပတ်ရိုက်ဖို့ အစီစဉ်ဆွဲခဲ့ပါတယ်။ သူရဲ့အမရယ် အမဖြစ်သူရဲ့ မိတ်ဆွေရယ် သူ့ရဲ့ ဘော်ဒါရယ် လေးယောက်ပေါ့။ သူတို့က ရွှေဝယ်သူနဲ့ အတူလိုက်ကာ ပိုက်ဆံနဲ့ လဲပြီးနောက် အမဖြစ်သူရဲ့ဘားကိုခေါ်ကာ အာရုံလွှဲပြီး ရွှေကိုယူဖို့ ကြံစည်ထားတာပါ။

ဖြစ်ချင်တော့ ရွှေဝယ်တဲ့ လူကြီးက သဘောမကျဘဲ သူတို့ကို တွေ့တွေ့ချင်း မောင်းထုတ်ခဲ့ပါတယ်။ အာ့နဲ့ သူတို့နောက် တိတ်တဆိတ် လိုက်သွားရင်း လူတစ်ယောက် အိတ်ကိုကိုင်ကာ ပြေးလာပြီး သေနတ်နဲ့ ပစ်ခဲ့ပါတယ်။ ဘန်နီလည်း ကြောက်ကြောက်နဲ့ သေနတ်နဲ့ ပြန်ပစ်ခဲ့ရာ အဲ့ဒီလူ လဲကျသွားပြီး ဘန်နီလည်း ရွှေထုပ်ကြီးကို ယူလာခဲ့ပါတယ်။

ကံဆိုးချင်တော့ ရွှေရောင်းတဲ့ လူတွေက ရုတ်ရင်းကြမ်းတမ်းတဲ့ လူတွေဖြစ်ပြီး သူ့နောက်ကိုလိုက်ကာ သတ်ဖို့ကြိုးစားပါတော့တယ်။ ဒီလိုနဲ့ ဘန်နီ သူတို့ဆီက လွတ်မလား။ သူ့အမနဲ့အခြားအပေါင်းပါတွေကော ဘယ်လိုအန္တရာယ်တွေနဲ့ ရင်ဆိုင်ရပြီး အသက်ရှင်ကျန်ရစ်မလဲ။

ဘယ်သူက ရွှေထုပ်ကို ရသွားမလဲ ဆိုတာ သိချင်ရင် ကိုယ်တိုင်သာ ကြည့်ရှုလိုက်ပါနော်။

Comedy ရယ် Crime ရယ် Drama ရယ် သုံးမျိုးပေါင်းစပ်ထားသော ဇာတ်ကားမို့လို့ ရယ်တစ်လှည့် ဝမ်းနည်းတစ်လှည့်ဖြင့် ရင်ဖိုဖွယ် ကြည့်ရှုရမှာ အသေချာပါပဲ။…

0 comments:

Post a Comment