Naeil's Cantabile (2014)

16 Episodes

Rating :  7.6/10
Country : South Korean
Genre : Music,Comedy,Romance,School
Cast : Joo Won,Shim Eun Kyung

ကဲ music နဲ့ပတ်သက်တဲ့ ဇာတ်လမ်းတွဲလေးတစ်ခုကို တင်ဆက်ပေးချင်ပါတယ်။ Naeil's Cantabile လို့ အမည်ရတဲ့ ဒီစီးရီးဟာ Nodame Cantabileဆိုတဲ့ ဂျပန်ဇာတ်လမ်းကို ပြန်လည်ရိုက်ကူးထားခြင်းဖြစ်ပါတယ်။ Yong Pal ထဲက မင်းသား Joo Won,Encounter ထဲက မင်းသား Park Bo Gum နဲ့ မင်းသမီးကတော့ Money Game ထဲက Shim Eun Kyung ပဲဖြစ်ပါတယ်။ အပိုင်းအရေအတွက် (၁၆)ပိုင်း ပါဝင်ပါတယ်။

Cha Yoo Jin ဟာ ဂီတကျောင်းမှာ စန္ဒရားအထူးပြု တတိယနှစ်ကျောင်းသားတစ်ယောက်ဖြစ်တယ်။ သူ့အိမ်မက်က ကမ္ဘာကျော်စပယ်ယာတစ်ယောက်(ဒီမှာစပယ်ယာဆိုတာ တီး၀ိုင်းရှေ့မှာတုတ်တစ်ချောင်းနဲ့ညွှန်းကြားတဲ့သူကိုပြောတာ)ဖြစ်လာဖို့ ပဲ။ ရုပ်ရည်သွင်ပြင်ကလဲ ကြည့်ကောင်း၊ မွေးကတည်းက ဂီတစွမ်းရည်ကလဲ ပါလာပြီးသား၊ ဒါပေမယ့် သူ့မှာအားနည်းချက်ရှိတာက လေယာဉ်မစီးနိုင်တာပဲ။ ဒါကြောင့် ဥရောပခရီးတွေ မသွားနိုင်ဘူး။ အဲ့လိုနဲ့ ထူးခြားတဲ့မျက်နှာသွင်ပြင်ရှိပြီး စန္ဒရားတီးရာမှာ ပါရမီရှိတဲ့ ကောင်မလေးတစ်ယောက်ကို တွေ့ပါရော။ သူမမှာ ထူးချွန်တဲ့ စွမ်းရည်ရှိပေမဲ့ ခန့်မှန်းခက်တဲ့ ကိုယ်ရည်ကိုယ်သွေးကြောင့် အမြဲပြဿနာဖြစ်တယ်။ Cha Yoo Jin ကို အမြဲစိတ်အနှောင့်အယှက်ပေးတယ်။ ဒါပေမယ့်လည်း ချစ်စရာကောင်းပြီးဆွဲဆောင်မှုရှိတဲ့ဒီကောင်မလေးနဲ့ ဘယ်လိုရှေ့ဆက်မလဲဆိုတာ ကြည့်ရှုခံစားလိုက်ကြပါနော်။

0 comments:

Post a Comment