Hur Jun The Original Story (2013)

 135 Episodes


Rating : 8.2/10
Country : South Korean
Genre : Historical,Drama,Medical
Cast : Kim Joo Hyuk,Park Eun Bin,Nam Goong Min,Park Jin Hee

1999-2000 တုန်းက MBC ကနေ စတင်ရိုက်ကူးခဲ့တဲ့ “Hur Jun” ဆိုတဲ့ဇာတ်လမ်းတွဲကို
“Dae Jang Geum”ဆိုတဲ့ နာမည်နှင့် 2003-Sep-15 to 2004-Mar-23ထိ
ကိုရီးယား နန်းတွင်းရဲ့ ပထမဆုံး အမျိုးသမီးသမားတော်အဖြစ်
ဝါရင့်သရုပ်ဆောင် Lee Young Ae (ချန်ဂင်)နှင့် ပြန်လည် ရိုက်ကူးတင်ဆက်ခဲ့ဖူးပါတယ်။

အဲ့ဒီနောက် ၁၀နှစ်လောက်ကြာပြီး ၂၀၁၃ခုနှစ်ကျမှ ဒုတိယအကြိမ် ယခု Hur Jun, The Original Storyဆိုတဲ့နာမည်နှင့် ရာဇဝင်ဇာတ်ကားများနှင့် ဇာတ်ရုပ်ပိုင်နိုင်တဲ့ MBC ရဲ့ God of War ဇာတ်လမ်းတွဲမှာ ပွဲထုတ်ခဲ့တဲ့
မင်းသားကြီး Kim Joo Hyuk ကို Main Role အနေနဲ့အမျိုးသားသမားတော်အဖြစ်နဲ့ Versionပြောင်းပြီးထုတ်လွှင့်ခဲ့တာပါ။

ဘာကြောင့်များ တစ်ကမ္ဘာလုံး မသိသိအောင် အကြိမ်ကြိမ် အပြန်ပြန် ရိုက်ကူးထုတ်လွှင့်ခဲ့ပါသလဲဆိုရင်
ကိုရီးယားနိုင်ငံရဲ့ သမိုင်းဝင်ရိုးရာဆေးကျမ်းဖြစ်တဲ့ Dongui Bogam ကို အဓိကထားပြီးဖော်ညွှန်းချင်တာပါ။

သမိုင်းအထောက်ထားများအရ 1596 ခုနှစ် King Seonjoခေတ်ကစလို့ မင်းကြီးရဲ့စိတ်ရောဂါဆိုးကိုကုသရင်း
ကိုရီးယားရဲ့ ဆေးပညာရပ်တွေမှာ ဆေးထိုး ဆေးသောက်တင်မက အပ်စိုက်ကုထုံး အကြောကုထုံး ခွဲစိတ်ကုထုံးတွေကိုပါ အသုံးပြုခဲ့တာကို ရှုမြင်ရမှာပါ။
ပြည်နယ်တွေမှာဖြစ်ပျက်နေတဲ့ ကပ်ရောဂါဆိုးတွေကို အနစ်နာခံ အသက်ပေးကယ်တင်သွားပုံ
ပြည်သူနှင့် သမားအင်အားမလောက်ငှမှုတွေကို ဒုက္ခများစွာခံရင်း ဖြတ်ကျော်ခဲ့ရပုံ
ဆေးပညာအသိဉာဏ်နည်းပါးတဲ့ ခေတ်ဟောင်းထဲမှာ ခွဲစိတ်ကုသမှုဟာ တရားမဝင်သလို လူသတ်မှုမြောက်တဲ့ ကုထုံးဖြစ်တာကို
တစ်တိုင်းပြည်လုံး လက်ခံယုံကြည်လာအောင် ကြိုးစားပြခဲ့ပုံတွေကို ကြည့်ရှုရမှာဖြစ်ပြီး
ရှင်ဘုရင်ရဲ့မျက်နှာသာပေးမှုတွေကို မနှစ်သက်ပဲ တိုင်းပြည်နဲ့ လူမျိုးတွက် ဆေးလောကရဲ့ကြီးမြတ်သူတစ်ယောက်
ဖြစ်လို့လာခဲ့ပုံများကို ဆက်ကြည့်သွားကြပါဦးလို့ .

0 comments:

Post a Comment