The Equator Man (2012)

20 Episodes


Rating : 7.5/10
Country : South Korean
Genre : Romance,Drama,Family,Melodrama
Cast : Uhm Tae Woong,Lee Bo Young,Lee Joon Hyuk,Im Jung Eun

ကျောင်းမှာ အတော်ဆုံး ဂျန်အင်းနဲ့ ယောဆုမြို့မှာ ခွန်အားအကြီးဆုံး ဆန်ဝူးတို့က အချစ်ဆုံး သူငယ်ချင်းတွေပါ … ဂျန်အင်းကြောင့် ဆန်ဝူးက စာကြိုးစားပီး သူ့အိမ်မက်တွေ အတွက် စတင် တက်ကြွလာခဲ့ပါတယ် … ဒါပေမဲ့တစ်နေ့မှာ ဆန်ဝူး ဖခင် ဂျောင်ပီ ဟာ ရုတ်တရက် ထူးဆန်းတဲ့အခြေအနေတစ်ခုနဲ့ သေဆုံးသွားခဲ့ပြီးတော့ ဆန်ဝူးက ထိုကိစ္စကို စုံစမ်းကြည့်တဲ့အခါ ထိတ်လန့် တုန်လှုပ်သွားခဲ့ပါတယ် …

တစ်ဘက်ကလည်း ဂျန်အင်းက ဆန်ဝူးကို လုပ်ကြံခဲ့တာကို ဆိုးမီ တွေ့ခဲ့ပေမဲ့ တိတ်တဆိတ်နေပီး အချိန်ကောင်းစောင့်နေခဲ့ပါတယ် …

ဒီလိုနဲ့ မျက်မမြင်များကို စာဖတ်ပေးနေသူဖြစ်တဲ့ ဂျီဝန်နဲ့ ဆန်ဝူးဟာ တွေ့ဆုံမိကြပြီး ချစ်သူတွေ ဖြစ်သွားကြပါတယ် … ဂျီဝန်ကို အရမ်းချစ်နေခဲ့ပေမဲ့ ဆန်ဝူးဟာ သူမ ဘဝ အဆင်ပြေစေဖို့ သူမနဲ့ လမ်းခွဲခဲ့ပါတယ် …

အဲ့လိုကနေ 13နှစ်ကြာပြီးတဲ့နောက်မှာ ဂျန်အင်းက အစိုးရရှေ့နေ ဖြစ်ခဲ့ပါတယ် … ဆန်ဝူးကတော့ Royal Tree ဆိုတဲ့ ရင်းနှီးမြှပ်နှံရေး ကုမ္ပဏီတခုမှာ ငယ်ရွယ်တဲ့ သူဌေးတစ်ယောက် ဖြစ်နေပါတယ် … ဂျီဝန်ကတော့ အထူးပါတီပွဲစီစဉ်သူ အဖြစ် Five Star ဟိုတယ် တစ်ခုမှာ အလုပ်လုပ်နေပါတယ် … ဆိုးမီကတော့ ‌ပန်းချီဆရာ တစ်ယောက်ဖြစ်နေပါတယ် … သူတို့ဟာ သူတို့လမ်းသူတို့ လျှောက်နေကြပေမဲ့ ကံကြမ္မာ က ပြန်ဆုံစည်း စေဖို့ ဖြစ်လာတဲ့ အခါမှာတော့ …….

0 comments:

Post a Comment