Partners for Justice (2018)

16 Episodes

Rating : 8.3/10
Country : South Korean
Genre : Mystery,Law,Medical,Investigation
Cast : Jung Jae Young,Jung Yoo Mi,Lee Yi Kyung,Park Eun Seok,Stephanie Lee

Partners For Justice ဇာတ်ကားဟာ အသတ်ခံရတဲ့အလောင်းတွေလျှို့ဝှက်ဆန်းကြယ်စွာသေဆုံးခဲ့ရတဲ့သူတွေအကြောင်းစုံစမ်းစစ်ဆေးရတဲ့ဆေးမှူးတွေအကြောင်းကိုရိုက်ကူးထားတာပါ ဇာတ်လမ်းတွဲဟာ မပြသခင်တည်းက လူအများ စိတ်ဝင်စားခံနေရတဲ့အကြောင်းရင်းကတော့ နာမည်ကြီး စာရေးဆရာတွေ၊ဒါရိုက်တာတွေနဲ့အတူ ဇာတ်လမ်းရဲ့ဆန်းသစ်မှုကြောင့်ပဲ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းရဲ့စာရေးဆရာကတော့ Ruler:Master of themaskကိုရေးဖွဲ့ခဲ့သူMin Ji-eunနှင့်Won Young-Silဖြစ်ပြီး……….. ဒါရိုက်တာကတော့ My love from the star နဲ့ Yong Pal ကို ရိုက်ကူးခဲ့သူ No Do Cheolဖြစ်ပါတယ်။ မှုခင်းအသားပေးရိုက်ကူးထားတာမို့Romanceခန်းနညး်မှာဖြစ်ပြီးကြည့်ရူသူများအနေဖြင့် အပိုင်းတစ်ခုချငး်စီမှာ အမျိုးမျိုးအဖုံအဖုံ ရသအစုံ ကြည့်ရှူခံစားရမှာပါ လက်ရှိမှာကြည့်ရှုနှုန်းနံပါတ်၃နေရာမှာရပ်တည်လျက်ရှိပါတယ် MBC ရုပ်သံလိုင်းကနေ အပတ်စဉ် တနင်္လာ အဂါင်္နေ့တွေမှာထုတ်လွှင့်လျက်ရှိပြီးစုစုပေါင်း ၃၂ပိုင်းပါဝင်မှာဖြစ်ပါတယ် Review….. ချမ်းသားတဲ့မိသားစုကနေဆင်းသက်လာပြီးဆိုးလ်အရှေ့ပိုင်းဒေသစုံစမ်းစစ်ဆေးရေးရုံးချူပ်မှာလက်ထောက်စုံစမ်းရေးမူးတွေဖြစ်တဲ့ ကန်ဒုန်ဆစ်နဲ့ ချောန်းမီဟိုတို ့နဲ့အတူ အမူကိစ္စတွေကိုင်တွယ်ဆောင်ရွက်ရန်အတွက် ပြောင်းရွှေ့တာဝန်ချထားခြင်းခံခဲ့ရတဲ့စုံစမ်းရေးမူးမလေးအွန်ဆိုး(Jung Yoo Mi) နိုင်ငံတော်မူခင်းဆေးပညာအဖွဲ့အစည်းမှာတာဝန်ထမ်းဆောင်နေပြီး တကယ်တော်တဲ့ ဒေါက်တာ ဘဲ့ဘို (Jung Jae Young) ……. ဘဲ့ဘိုဟာဆိုရင်အမူဖြစ်ရပ်တွေရဲ့ကြွင်းကျန်ရုပ်အလောင်းတွေကိုတာဝန်ယူခွဲစိတ်စစ်ဆေးရသူလညး်ဖြစ်ပါတယ် ကတောက်ကဆတွေနဲ့စတွေ့ခဲ့တဲ့ သူတို့၂ယောက် ဘယ်လိုလက်တွဲပြီးအမှုတွေဖြေရှင်းကြမလဲဆိုတာ…….. ဒီကားလေးကသာမာန်romanceကားတွေနဲ့မတူပဲ မှုခင်းအသားပေးကားမို့လျှို့ဝှက်ဆန်းကြယ်တာတွေကိုကြည့်ရတဲ့ပရိတ်သတ်တွေအကြိုက်တွေ့မှာပါ

0 comments:

Post a Comment