Pegasus Market (2019)

12 Episodes

Rating : 8.5/10
Country : South Korean
Genre : Business,Comedy,Drama
Cast : Kim Byung Chul,Lee Dong Hwi,Park Ho San,Jung Hye Sung

ဒယ်မန်းအုပ်စုဆိုတာ ကိုးရီးယားရဲ့ ထိပ်ထိပ်ကျဲ လုပ်ငန်းတော်တော်များများကို
ပိုင်ဆိုင်ထားတယ်....ထိပ်သီးစီးပွားရေးကုမ္ပဏီဖြစ်လို့ အလုပ်ဝင်ချင်သူတွေလည်း
ဒုနဲ့ဒေးပါပဲ.....ဒါရိုက်တာအဖွဲ့ဝင်တွေဟာလည်း ဒယ်မန်းတိုးတက်ဖို့ နည်းမျိုးစုံနဲ့
ကြိုးစားကြသလို အသစ်သစ်သော ကုန်ပစ္စည်းတွေထုတ်ဖို့ လုံးပန်းနေကြတယ်..
တစ်နေ့တော့ ကုန်ပစ္စည်းသစ်ထုတ်ဖို့ အစည်းအဝေးတစ်ခုမှာ ကားဒီဇိုင်းတစ်မျိုး
ထုတ်သင့်မသင့်ဆုံးဖြတ်ကြတယ်......ရှုံးမယ်လို့ထင်လို့ ကန့်ကွက်တဲ့ ဒါရိုက်တာအဖွဲ့ဝင်
ကြောင့် ပွဲပျက်သွားခဲ့တယ်...တခြားကုမ္ပဏီက အဲ့ဒီဇိုင်းကိုထုတ်လုပ်ခဲ့ပြီး
အဲ့ကားဒီဇိုင်းဟာ ကိုရီးယားမှာ အအောင်မြင်ဆုံး ထုတ်ကုန်တစ်ခုတောင်ဖြစ်သွားတယ်..
ဒယ်မန်းအတွက်ရှယ်ယာဈေးတွေကျသွားတဲ့အပြင်
တကယ့်အချီကြီးရမယ့် ဈေးကွက်လွတ်သွားလေတော့ဥက္ကကြီးစိတ်ဆိုးပြီးတော့ ကန့်ကွက်တဲ့ဒါရိုက်တာကို ချောင်းမာလီဈေးကို ကွပ်ကဲဖို့လွှတ်လိုက်တယ်...
အဲ့ဒီမှာဇာတ်လမ်းကစတော့တာပဲ...
ချောင်းမာလီဈေးဆိုတာ သုသန်လောက်တောင်မစည်ကားဘူး...
ဈေးနာမည်ခံတစ်ခုသာရှိပြီး ရောင်းအားလုံးဝမရှိတဲ့ဈေးကြီး
အောင်မြင်အောင်ကွပ်ကဲဖို့ဆိုတာ သကြားမင်းတောင်လက်ရှောင်နိုင်တဲ့အခြေအနေမျိုး...
ဒီလိုအခြေအနေကို သူဘယ်လိုဆွဲတင်မလဲ...
ဒီစီးရီးက ချစ်ကြိုက်ကွဲငြားဇာတ်လမ်းတွဲမျိုးတော့မဟုတ်ဘူး...
စီးပွားရေးလောကရဲ့ မာယာတွေနဲ့...
ဒီလောကရဲ့ ပရိယာယ်အသွယ်သွယ်တွေကို လှလှပပလေး ပညာပေးရိုက်ပြသွားတဲ့
ဇာတ်လမ်းတွဲဖြစ်ပါတယ်..ဗဟုသုတလည်းရသလို
ကြည့်သင့်တဲ့စီးရီးတစ်ခုလည်းဖြစ်ပါတယ်....
ဟာသလေးတွေပါသလို မှတ်သားစရာပေါင်းများစွာပါပါတယ်...
အပိုင်း (၁၂)ပိုင်းထွက်ရှိမှာဖြစ်ပြီး အပတ်စဉ် သောကြာနေ့တိုင်းထွက်ရှိမှာဖြစ်ပါတယ်...
ခံစားကြည့်ကြပါဦး....

0 comments:

Post a Comment