Ghost (2019)

Rating : 5.7/10
Country : India
Genre : Horror, Thriller 
Cast : Sanaya Irani, Shivam Bhaargava, Vikram Bhatt     
Released Date : 2019
Duration : 2h 10min

အိန္ဒိယဇာတ်ကားတွေ ခုတလောတင်ဆက်ပေးတဲ့အထဲ အချစ်၊အကြမ်းတွေပဲ များနေခဲ့တာခုချိန်မှာတော့ အပြောင်းအလဲတစ်မျိုးနဲ့ သရဲကားတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းအရ….ရွေးကောက်ပွဲဝင် ကိုယ်စားလှည်လောင်းမစ္စတာ ကာရန်ခန်းနား ညဘက် အိမ်ပြန်မအိပ်နိုင်ဘဲမနက်စောစောမှ အိမ်ပြန်တဲ့အခါ သူ့ရဲ့ ဇနီးဟာသေဆုံးလျက်သား တွေ့ခဲ့ရပါတယ်။ရဲတွေရရဲ့ စီစီတီဗီ မှတ်တမ်းတွေ တွေ့ရှိချက်အရမစ္စတာ ခန်းနားဟာ ညဘက် ၂နာရီဝန်းကျင်မှာအိမ်ပြန်လာပြီး သတ်သွားတယ်လို့ သိရတယ်။
မစ္စတာ ခန်းနားကိုယ်တိုင်ကလည်း တစ်ညလုံးအိမ်ပြန်မအိပ်နိုင်ဘဲ ပါတီဝင်တွေနဲ့ အတူရှိနေကြောင်းပြောတယ်။ဒါပေမဲ့ ရဲတွေဖက်က သက်သေခိုင်လုံနေတော့အသက်ငယ်ငယ်နဲ့ ဂုဏ်သရေရှိမစ္စတာ ခန်းနားဟာ အချုပ်ထဲ ရောက်နေခဲ့ရပါတယ်။ဒါပေမဲ့ ရှေ့နေငှားခွင့်ရှိတဲ့ အလျောက်မစ္စတာခန်းနားရဲ့ စည်းရုံးရေးမန်နေဂျာ ဘော့ဘ်အာနန်းကို အတော်ဆုံးရှေ့နေတစ်ယောက် ငှားရမ်းခိုင်းခဲ့ပါတယ်။သူ ငှားရမ်းခဲ့တဲ့ ရှေ့နေမလေးကတော့… မစ်ဆင်းရ်ပါ။မစ်ဆင်းရ်ဟာ ဖခင်သေဆုံးမှု၊ အက်ဆီးဒန့်တွေဖြစ်ခဲ့တဲ့အတွက် လတ်တလောမှာ မော်ဖင်းတွေ စွဲနေသူ တစ်ဦးပါ။မစ္စတာ ခန်းနားရဲ့ အမှုကို ကိုင်တွယ်ပေးဖို့ လေ့လာတဲ့အခါ”ကျွန်တော်တို့ အိမ်မှာ ဝိညာဉ်တစ်ကောင်ရှိနေတယ် ဒါကို ကျွန်တော်တို့ လင်မယားနှစ်ယောက်လုံး သိတယ်သူ ကျွန်တော့်မိန်းမကို သတ်တာ” ဆိုပြီးထွက်ဆိုတယ်။ဒါကို လက်မခံနိုင်တဲ့ မစ်ဆင်းရ်ဟာ အမှန်တရားကိုအမှုသည်နဲ့ အတူရှာဖွေရာမှာတော့…….။———————————ဒီကားရဲ့ ဒါရိုက်တာကတော့ ၂၀၁၁ ခုနှစ်ထွက်ရှိခဲ့တဲ့နာမည်ကြီး Haunted ဆိုတဲ့ သရဲကားရဲ့ ဒါရိုက်တာ Vikram Bhatt ဖြစ်ပြီးRatingကလည်း 7.7/10 အထိရထားပါတယ်။ခုံအောက်က လက်ထွက်လာတာတွေ၊သွေးကွက်တွေနဲ့ မျက်နှာ ရုတ်တရက်ပေါ်လာတာမျိုးတွေ ပါနေတဲ့အတွက် နားကြပ်တပ်ပြီးညဖက် ကြည့်တာမျိုးမှ ပိုပြီး ဖီးလ်ရှိမယ်လို့ ပြောလိုက်ပါစေ။

0 comments:

Post a Comment