Manjhi: The Mountain Man (2015)

 

Rating : 8.0/10
Country : India
Genre : Adventure, Biography, Drama
Cast : Nawazuddin Siddiqui, Radhika Apte, Ashutosh Acharya
Released Date : 2015
Duration: 2h 

အညွှန်း
အချစ်အတွက် တောင်တစ်လုံးအား တစ်ယောက်ထဲဖြိုခဲ့သူ
သို့မဟုတ်/ ဂင်းနစ်စံချိန်ဝင် ကမ္ဘာ့အံ့ဖွယ်လူသား)ကမ္ဘာပေါ်မှာ အချစ်ကိုနည်းအမျိူးမျိုးပုံဖော်ကြပါတယ်။
ကိုယ့်ချစ်သူ အတွက် ဘာမဆိုလုပ်ပေးမယ်.. စွန့်လွတ်အနစ်နာခံ
ရဲတယ်…
တစ်ချို့က ကိုယ့်ချစ်သူအတွက်အိမ်လေးတစ်လုံး ဆောက်ပေးတာ… တစ်ချို့က ကိုယ့်ချစ်သူအတွက်
ရွှေငွေရတနာတွေ အပြည့်နဲ့ ကိုယ့်ချစ်ရတဲ့သူ စိတ်ချမ်းသာအောင်ဖန်တီးပေးကြတာ ….. စတဲ့ စတဲ့ လက်တွေ့ဆန်တဲ့ အချစ်မျိုးနဲ့လည်း ပုံဖော်ကြတာပါပဲ။
ဆိုတော့ကာ…
အချစ်အတွက်နဲ့ တောင်တစ်လုံးအား တစ်ယောက်ထဲဖြိုခဲ့တဲ့သူရှိတယ်လို့ ကျွန်တော်ကပြောရင်…
ခင်ဗျားတို့ ယုံကြည်မှာလား လက်ခံမှာလားး???
လက်ခံလိုက်ပါ မိတ်ဆွေ.. ????အဲ့လူဟာ တကယ်ကိုပဲ တောင်တစ်လုံးလုံးကို တစ်ယောက်ထဲ ဖြိုခဲ့လို့ လူ့အသိုင်းအဝိုင်းမှာရော …ကမ္ဘာ့အသိုင်းအဝိုင်းမှာပါ..သူ့ကိုအံသြစွာနဲ့လက်ခံခဲ့ကြရပါတယ်..
နောက်ဆုံး သူဟာ ကမ္ဘာ့ဂင်းနစ်စံချိန်မှာ အံ့ဖွယ်လူသားအဖြစ် မှတ်တမ်းတင်ခြင်းကိုလည်း ခံခဲ့ရပါတယ်။ အဲ့လူကတော့ တခြားသူ မဟုတ်ပါဘူး။
အိန္ဒိယနိုင်ငံ ဘီယာပြည်နယ်ထဲက ရွာလေးတစ်ရွာမှာ နေထိုင်တဲ့ Dasharth Manjhi ဆိုတဲ့ သူပါပဲ။အခု ကျွန်တော်ညွှန်းချင်တဲ့ ဇာတ်ကားကတော့ Manjhi အကြောင်းကို ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ရုပ်ရှင်ပါ။
ဒီရုပ်ရှင်ကို ရိုက်ကူးဖို့ ပထမဆုံးအစပျိုးစီစဉ်ခဲ့တဲ့သူကတော့ တခြားသူမဟုတ်ပါဘူး။
PK, 3Idiots, Doom 3, စတဲ့ ရုပ်ရှင်တွေနဲ့ ကမ္ဘာကျော်ခဲ့တဲ့ အိန္ဒိယမင်းသားကြီး Aamir Khan(အမေးရ်ခမ်း) ပါပဲ..။ စီစဉ်ဖြစ်ပုံကလည်း ဒီလိုဗျ…
မင်းသားကြီးက တကယ့်အပြင်က Manjhi ရဲ့ ဘဝအကြောင်းကို သိရှိသွားပြီးနောက်မှာ Manjhiတို့မိသားစု နေထိုင်ဖို့ အိမ်တစ်လုံးဝယ်ပေးခဲ့ပါတယ်။ Manjhi ကလည်း မင်းသား Aamir Khan ဝယ်ပေးတဲ့ အိမ်လေးမှာပဲ နေထိုင်ရင်း ခေါင်းချကွယ်လွန်ခဲ့တာပါ။

0 comments:

Post a Comment