Page Turner (2016)

3 Episodes

Rating : 8.4/10
Country : South Korean
Genre : Music,Comedy,School,Youth,Drama
Cast : Kim So Hyun,Ji Soo,Shin Jae Ha

အရမ်းအရမ်းကောင်းတဲ့ teenage drama mini-series လေးပါ
အပိုင်းသုံးပိုင်း ပါဝင်ပြီး ဆယ်ကျော်သက်တွေကြားမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ စိတ်ခံစားချက်၊ ရည်မှန်းချက်၊ သံယောဇဉ်နဲ့ လူမှုဆက်ဆံရေး ပဋိပက္ခတွေအကြောင်း လှလှပပ ပုံဖော်တင်ဆက်ထားပါတယ်။
စန္ဒယားပါရမီရှင် ယွန်းယူဆူးဟာ ကားအက်စီးဒင့်တစ်ခုကြောင့် မျက်မမြင်ဖြစ်ခဲ့ရပြီး စန္ဒယားတီးတဲ့အလုပ်ကို ကျောခိုင်းဖို့ဖြစ်လာခဲ့ပါတယ်။ ပြေးခုန်ပစ်ချန်ပီယံ ဂျောင်ချာရှစ်ဟာလည်း ကျန်းမာရေးအခြေအနေကြောင့် အားကစားလောကကနေ အပြီးတိုင် အနားယူခဲ့ရပါတယ်။
ကံကြမ္မာအလှည့်အပြောင်းမှာ ရည်မှန်းချက်တွေကို စွန့်လွှတ်ခဲ့ရသူနှစ်ယောက် ဆုံတွေ့ဖို့ဖြစ်လာတဲ့အခါ ဆန်းကြယ်လှပတဲ့ စိတ်ဝင်စားဖွယ် ဇာတ်လမ်းလေးတစ်ပုဒ် ဖြစ်လာခဲ့ပါတယ်။
သုံးပွင့်မှ မဆိုင်လိုက်ရရင် ကိုရီးယားကားမပီသဘူး ဆိုတဲ့အတိုင်း ဒီဇာတ်လမ်းမှာ ပါဝင်လာမယ့် တတိယလူကတော့ ယူဆူးရဲ့ ကျောင်းနေဘက်လည်းဖြစ် ငယ်ပြိုင်ဘက်လည်းဖြစ်တဲ့ ဆောဂျင်မုတ်ပါ။
သုံးပွင့်ဆိုင်ချင်းအတူတူ ၁၅၀၀ အချစ်တွေ မပါတာမို့ ထူးခြားပြီး ချစ်စရာကောင်းတဲ့ story လေးလို့ ဆိုရမှာပါ။
Page turner စီးရီးမှာ ယွန်းယူဆူးအဖြစ် Kim So Hyun, ဂျောင်ချာရှစ်အဖြစ် Ji Soo, ဆောဂျင်မုတ်အဖြစ် Shin Jae Ha တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။

0 comments:

Post a Comment