When They See Us (2019)

Season (1) - 9 Episodes

Rating : 9/10
Country : United State
Genre :  Drama
Cast : Asante Blackk, Caleel Harris, Ethan Herisse
Released Date : 2019

ဖြစ်ရပ်မှန် ဇာတ်လမ်းတွေကို သဘောကျနှစ်ခြိုက်ပြီးတော့ မှုခင်းနောက်ခံ ဒရာမာစီးရီး ကြည့်ရှုချင်ကြသူတွေအတွက် Neflix စီးရီတစ်ခုဖြစ်တဲ့ When they see us 2019 ဆိုတဲ့ မီနီစီးရီးလေး (လေးပိုင်း စဆုံး) တင်ဆက်ပေးချင်ပါတယ် …
ဒီစီးရီးလေးဟာ အမေရိကန်နိုင်ငံရဲ့ တရားရေးကို မီးမောင်းထိုးပြထားတဲ့ ဇာတ်လမ်းလေးဖြစ်ပြီးတော့ အဓမ္မကျင့် လူသတ်မှုတစ်ခုမှာ မပါဝင်ဘဲ စွပ်စွဲခံရတဲ့ လူငယ်လေး ၅ ယောက်အကြောင်းကို ရင်နင့်ဖွယ် ရိုက်ကူးထားတာပါ …
မှားယွင်းတဲ့ တရားစီရင်မှုနောက်က အကျိုးဆက်တွေကို ဒီကားထဲမှာ တွေ့မြင်ရမှာပါ
၁၉၈၉ ခုနှစ်က အမေရိကန်နိုင်ငံမှာ အမှန်တကယ်ဖြစ်ပျက်ခဲ့တဲ့ အမှုတစ်ခုဖြစ်ပြီးတော့ ပါဝင်သူတွေဟာ ယနေ့တိုင် သက်ရှိထင်ရှားရှိနေဆဲပါ
အမေရိကန်ရဲတွေ အစိုးရရှေ့နေတွေနဲ့ ဒေါ်နယ်ထရမ့်တို့လို(သမ္မတမဖြစ်သေး) လူတွေက လူမည်းလူငယ်တွေကို မှားယွင်းစွာ စိီရင်ချက်ချဖို့ အတင်းဖိအားပေးခဲ့ကြပါတယ်… အစအဆုံး ရင်တမမနဲ့ ခေါ်ယူသွားမယ့် ဇာတ်လမ်းလေးဖြစ်ပြီးတော့ တရားဥပဒေစိတ်ဝင်စားသူတွေ နဲ့ ဒရာမာကားကောင်းကောင်းနှစ်သက်သူတွေ လက်မလွှတ်သင့်တဲ့ စီးရီးတစ်ခုဖြစ်လို့ ပရိသတ်ကြီးကိုယ်တိုင် ကြည့်ရှုအကဲဖြတ်တော်မူပါ ..
မျက်ရည်ကျချင်လည်း ကျကြပေါ့လေ

0 comments:

Post a Comment