Bloodride (2020-Ongoing)

Season (1) - 9 Episodes

Rating : 6.3/10
Country : United State
Genre :  Horror, Thriller
Cast : Ine Marie Wilmann, Bjørnar Teigen, Emma Spetalen Magnusson.
Released Date : 2020-Ongoing

Horrorပရိသတ်တွေအတွက် ဒီလFriday 13မှာထွက်ရှိလာတဲ့ Netflixရဲ့ နော်ဝေ Horror Mystery Anthologies seriesကိုတင်ဆက်ပေးလိုက်ပါတယ်။
(ကြောက်ဖို့ကောင်းတယ်ဆိုတာထက် စိတ်ကူးယဉ်ဆန်ပြီး twistဖြစ်တယ်ပေါ့)
Anthologies seriesဆိုတဲ့အတိုင် တစ်ပိုင်းကိုမိနစ်30ခန့်ကြာမြင့်ပြီး အပိုင်း6ပိုင်းပါဝင်ပါတယ်။ တစ်ပိုင်းစီကိုသူနဲ့လိုက်ဖက်လှတဲ့ နာမည်တစ်ခုစီပေးထားပြီး တစ်ပိုင်းနဲ့တစ်ပိုင်းဆက်စပ်မှုမရှိပါဘူး။
မှောင်မိုက်ပြီးမိုးသည်းတဲ့ညတစ်ညမှာ ဘတ်စ်ကားတစ်စီးက ဘယ်ဆီကိုမှန်းမသိသွားနေပါတယ်။
ပထမက ကားပေါ်မှာ ဒရိုင်ဘာတစ်ယောက်တည်းသာရှိပေမယ့် နောက်တော့ လူတွေပေါ်လာပါတယ်။
သူတို့ကတော့ တစ်ပိုင်းစီရဲ့ဇာတ်ကောင်တွေဖြစ်ပြီး ထိတ်လန့်တုန်လှုပ်စရာသွေးထွက်သံယိုမှုကိုယ်စီနဲ့ပါ။ ဇာတ်လမ်းတိုလေးတွေဖြစ်တာကြောင့် ဘာတွေလဲဆိုတာမပြောပြတော့ပါဘူး။
တစ်ပိုင်းစီရဲ့နာမည်တွေကတော့ Ultimate Sacrifice, Three sick brothers, Bad writer, Lab rats, Old schoolနဲ့ Elephant in the roomတို့ပဲဖြစ်ပါတယ်။
ကျွန်မအတွက်တော့ အပိုင်း1နဲ့3ကိုအကြိုက်ဆုံးဖြစ်ပြီး ကျန်တာတွေက 5, 4, 2, 6ပါ။ ဇာတ်လမ်းတိုဖြစ်တဲ့အတွက်ကြောင့် တိုတိုနဲ့ထိထိမိမိအပြင် twistတွေလည်းဖြစ်ပါတယ်။ တစ်ချို့အပိုင်းတွေက ရုပ်ရှင်ကိုနောကြေသူတွေအတွက် ခန့်မှန်းရလွယ်ကူတာလည်းပါပါတယ်။ အချုပ်ပြောရရင်တော့ ကြည့်သင့်တယ်၊ အသံပိုင်းဆိုင်ရာကောင်းတယ်၊
တိုတိုနဲ့ထိထိမိမိဖြစ်ပြီး ဖျော်ဖြေမှုရသကိုတကယ်ပေးနိုင်တဲ့စီးရီးတစ်ခုပါ။
ကြည့်ပြီးရင် ခြောက်ပိုင်းထက်ပိုပါစေချင်တဲ့ စီးရီးတစ်ခုပါပဲ။

0 comments:

Post a Comment